TikTok တွင် ဘေးကင်းရေး၊ လုံခြုံရေးနှင့် ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ရန် TikTok ၏ မူဝါဒများကို အားဖြည့်လုပ်ဆောင်ခြင်
TikTok လူမှုအသိုင်းအဝိုင်း၏ ဘေးကင်းလုံခြုံမှုနှင့် ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ထပ်မံပံ့ပိုးရန်အတွက် TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချ
ဘေးကင်းလုံခြုံသည့် ဖျော်ဖြေရေးဆိုင်ရာ ပလက်ဖောင်းတစ်ခု တည်ဆောက်ခြင်း
TikTok အသုံးပြုသူများသည် ပလက်ဖောင်းအတွင်း တီထွင်ဖန်တီးမှုအမျိုးမျိုးဖြင့်
ယနေ့ TikTok မှ ကြေညာပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း အကောင်အထည်ဖော်မည့် Updates များထဲမှ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- အန္တရာယ်ရှိသော လုပ်ရပ်များနှင့် စိန်ခေါ်မှုများဆိုင်ရာ မူဝါဒကို အားဖြည့်ခြင်း။ မိမိကိုယ်ကို သတ်သေမှုများကို နောက်ပြောင်လိမ်လည်ခြင်းများအပါ
အဝင် ထိုကဲ့သို့သော အကြောင်းအရာများကို ပလက်ဖောင်းပေါ်တွင် ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ယခင်က ကြေညာခဲ့ပြီးသော လုပ်ဆောင်မှုများကို (https://newsroom.tiktok.com/en-us/helping-our- ) ပိုမိုတင်းကျပ်သော နည်းလမ်းများဖြင့် ဆက်လက် ကျင့်သုံးလျက်ရှိသည်။ ၎င်းသည် ယခင်က မိမိကိုယ်ကို သတ်သေမှုနှင့် အန္တရာယ်ပြုခြင်းဆိုင်ရာ မူဝါဒများအတွင်း၌ တည်ရှိခဲ့သော်လည်း ယခုအခါ အသေးစိတ်အချက်အလက်များဖြင့် သီးခြားမူဝါဒအမျိုးအစားတစ်ခုအဖြcommunity-stay-safe-while- having-fun-on-tiktok စ် တည်ရှိ သွားမည်ဖြစ်သောကြောင့် TikTok လူမှုအသိုင်းအဝိုင်းအနေဖြင့် ဤလမ်းညွှန်ချက်များနှင့် ရင်းနှီးကျွမ်းဝင်ရန် ပိုမို လွယ်ကူလာစေမည်ဖြစ်သည်။
- အစားအသောက် မူမမှန်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ TikTok ၏ လုပ်ဆောင်မှုများကို ကျယ်ပြန့်စေခြင်း။ TikTok သည် အစားအသောက် မူမမှန်ခြင်းကို အားပေးသည့် အကြောင်းအရာများကို ဖယ်ရှားပြီးဖြစ်သော်လည်း ပုံမှန် မဟုတ်သည့် စားသောက်မှု အမှုအကျင့်များကို အားပေးမြှင့်တင်သည့် အကြောင်းအရာများကိုလည်း ထပ်မံဖယ်ရှား သွားမည်ဖြစ်သည်။ လူများသည် အစားအသောက် မူမမှန်ခြင်းနှင့် ဆိုင်သည့် ရောဂါလက္ခဏာများ မပြသော်လည်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်မှုပုံစံများနှင့် အပြုအမူများဖြင့် ရုန်းကန်ရနိုင်သည်ကို TikTok မှ နားလည်ထားပြီး အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ သုတေသီများ၊ သမားတော်များနှင့် တိုင်ပင်ပြီး ယခု ပြောင်းလဲမှုကို ပြုလုပ်ခြင်းဖြစ်သည်။ TikTok ၏ ရည်ရွယ်ချက်မှာ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း သို့မဟုတ် ရေတိုအစာရှောင်ခြင်းစသည့် လက္ခဏာများသည် ပြဿနာဖြစ်နိုင်ခြေရှိပြီး မကြာခဏ လျစ်လျူရှုခြင်းခံရသော လက္ခဏာများဖြစ်ကြသည်ကို ပိုမိုသိရှိနားလည်နိုင်ရန်ဖြစ်
သည်။ ၎င်းသည် တစ်သမတ်တည်း မှန်ကန်ရန် ခက်ခဲပြီး အလွန်ကွဲပြားသော နယ်ပယ်ဖြစ်ကာ ပိုမိုကျယ်ပြန့်သော အကြောင်းအရာ နယ်ပယ်တွင် သတိရှိစေရန် ကျွန်ုပ်တို့၏ အဖွဲ့များကို လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
- TikTok ၏ ပလက်ဖောင်းပေါ်တွင် တားမြစ်ထားသော အမုန်းပွားစေသည့် အတွေးအခေါ်အမျိုးအစားများကို ပိုမိုရှင်းလင်းစွာ ထည့်သွင်းခြင်း။ ထိုအကြောင်းအရာ
များတွင် နာမည်များကို အလွှဲသုံးစားလုပ်ခြင်း၊ နာမ်စား အသုံးအနှုန်း လွှဲမှားခြင်း သို့မဟုတ် အမျိုးသမီးများကို မုန်းတီးခြင်းတို့အပြင် ပြောင်းလဲခြင်း ကုထုံးပရိုဂရမ်များကို ပံ့ပိုးပေးသည့် သို့မဟုတ် မြှင့်တင်ပေးသည့် အကြောင်းအရာများလည်း ပါဝင်သည်။ ဤအယူဝါဒများကို TikTok တွင် ကာလကြာရှည်တားမြစ်ထားသော်လည်း ၎င်းတို့သည် TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချ က်များတွင် ရှင်းလင်းပြတ်သားဖို့ အရေးကြီးကြောင်း ဖန်တီးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ကြားသိရသည်။
- TikTok ပလပ်ဖောင်း၏ လုံခြုံမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ လွယ်ကူစွာအသုံးပြုနိုင်မှုနှင့် ယုံကြည်စိတ်ချရမှုများကို ကာကွယ်ရန် TikTok ၏ မူဝါဒကို တိုးချဲ့ခြင်း။ ထိုအကြောင်းအရာ
များတွင် TikTok ပလက်ဖောင်းပေါ်သို့ တရားမဝင် ဝင်ရောက်ခွင့်ကို တားမြစ်ခြင်းအပြင် TikTok ရှိ အကြောင်းအရာ၊ အကောင့်များ၊ စနစ်များ သို့မဟုတ် ဒေတာများကို ဝင်ရောက်အသုံးပြုခွင့် တားမြစ်ခြင်းနှင့် TikTok အသုံးပြု၍ ရာဇ၀တ်မှုကျူးလွန်ခြင်းကို တားမြစ်ခြင်းတို့ ပါဝင်သည်။ TikTok ၏ လူမှုအသိုင်းအဝိုင်းကို သံသယဖြစ်ဖွယ် လုပ်ဆောင်မှုများကို ရှာဖွေစစ်ဆေးရန်၊ ရှောင်ရှားရန်နှင့် သတင်းပို့ရန် နည်းလမ်းများကို TikTok တွင် လေ့ကျင်ပေးသည့်အပြင် Washington DC၊ Dublin နှင့် Singapore တို့ တွင်လည်း ခေတ်မီဆန်းသစ်သည့် ဆိုက်ဘာဖြစ်ရပ်များ စောင့်ကြည့်ရေးနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ တုံ့ပြန်ရေး စင်တာများကို ယခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ TikTok ၏ Fusion Center သည် ကာကွယ်ရေးဆိုင်ရာ အစီအရင်များကို စမ်းသပ်ရန်နှင့် တိုးမြှင့်ရန်အတွက် လုပ်ငန်းနယ်ပယ်ရှိ ထိပ်တန်းကျွမ်းကျင်သူများနှင့် ဆက်လက် လက်တွဲ လုပ်ဆောင်နေသောကြောင့် မတူညီသော အချိန်ဇုန်များအတွင်းရှိ အန္တရာယ်အသီးသီးကို နှောင့်နှေးမှု မရှိစေဘဲ စောင့်ကြည့်ခြင်းနှင့် အချက်အလက်စုဆောင်းခြင်းများကို လုပ်ဆောင်ပေးသည်။
ထို့အပြင် TikTok ၏ လူမှုအသိုင်းအဝိုင်းမှ သုံးစွဲသူများအနေဖြင့် “For You” feed အကြံပြုချက်များအတွက် အရည်အချင်း မပြည့်မီသည့် အကြောင်းအရာအမျိုး
TikTok ၏ လူမှုအသိုင်းအဝန်းမှ သုံးစွဲသူတိုင်းသည် TikTok အက်ပ်ကို ဖွင့်လိုက်သည်နှင့် ဤ မွမ်းမံပြင်ဆင်ထားသည့် လမ်းညွှန်ချက်များကို ဖတ်ရန် သတိပေးမည့် လုပ်ဆောင်ချက်ကို လာမည့်ရက်သတ္တပတ်များအတွင်း ထည့်သွင်းသွားမည် ဖြစ်သည်။
TikTok ၏ လူမှုအသိုင်းအဝိုင်းအပေါ် တာဝန်ခံယူမှုရှိခြင်း
မူဝါဒတစ်ခု၏ ခိုင်မာမှုမှာ ၎င်း၏ သက်ရောက်မှုအပေါ်တွင် မူတည်သည်။ TikTok ၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များသည် TikTok ပလက်ဖောင်းပေါ်ရှိ သုံးစွဲသူတိုင်းနှင့် အကြောင်းအရာအားလုံးနှင့် သက်ဆိုင်ပြီး TikTok ၏ မူဝါဒများကို ပြဋ္ဌာန်းရာတွင် တစ်သမတ်တည်းနှင့် တရားမျှတမှုဖြစ်စေရန် ကြိုးပမ်းလျက်ရှိသည်။ TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချ
TikTok ၏ လူမှုအသိုင်းအဝိုင်း၊ NGO များနှင့် အခြားသူများအပေါ် တာဝန်ခံမှုရှိစေရန်အတွက် TikTok သည် လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များ ကျင့်သုံးမှုဆိုင်ရာ အစီရင်ခံစာများကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိသည်။ ယနေ့ ထုတ်ပြန် လိုက်သည့် ကျွန်ုပ်တို့၏ နောက်ဆုံးအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် တတိယ သုံးလပတ်ကာလအတွင်း မူဝါဒ ချိုးဖောက်သည့် ဗီဒီယိုပေါင်း ၉၁ သန်းကျော်ကို ဖယ်ရှားခဲ့နိုင်ကြောင်းပြထားပြီ
TikTok မှ ထိရောက်မှု၊ မြန်ဆန်မှုနှင့် တစ်သမတ်တည်းကျမှုများ အပါအဝင် TikTok ၏ မူဝါဒများနှင့် ၎င်းတို့၏ သက်ရောက်မှုများကို မြှင့်တင်ရန် သိသာထင်ရှားသော ခြေလှမ်းများကို လုပ်ဆောင်ထားပြီဖြစ်သော်လည်း အသုံးပြုသူများ ဘေးကင်းစေရန် လုပ်ဆောင်ချက်သည် အဆုံးမရှိကြောင်း TikTok မှ နားလည်သဘောပေါက်ထားသည်။ TikTok တွင် လူတိုင်း ကောင်းမွန် ကြွယ်ဝသော အတွေ့အကြုံများရရှိစေရန် TikTok သည် စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။
Comments
Post a Comment