စုစုပေါင်း ငွေ ၁,၁၁၅,၀၀၀ ကျပ်အား Wave Money ဖြင့် လိမ်လည်တောင်းယူ ခဲ့သူအားတွံတေးမြို့နယ်၌ ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူထား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကရင်ချောင်း ကျေးရွာနေ ဦးသိန်းထွန်း(၅၂)နှစ်နှင့် ဦးသိန်း(၅၂)နှစ်တို့ ၂ ဦးမှ ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် အရေးယူပေးရန်တိုင်တန်းသဖြင့် မျိုးမြင့်အောင်(ခ)ဘုန်းမြတ်ပိုင်အား တွံတေးမြို့မရဲစခန်း၊ (ပ) ၉၉၀-၉၉၁/၂၀၂၀၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၉ စက်တင်ဘာလနှင့် ၂၀၂၀ ဧပြီလတို့တွင် တွံတေးမြို့နယ်အတွင်းရှိ ကရင်ချောင်းကျေးရွာနေ ဦးသိန်းထွန်းနှင့် ဦးသိန်းတို့ ၂ ဦးကိုင်ဆောင်သည့် ဖုန်းအား ဆက်သွယ်ကာ အောင်ကိုဝင်းအမည်ဖြင့် လိမ်လည်ပြောဆိုကာ ကရင်ချောင်းကျေးရွာ၊ အထက်တန်းကျောင်းအတွက် စက်ဘီးအစီး ၄၀၀ အား အရှေ့တိုင်း ပုလဲကုမ္ပဏီဖြင့် ပူးပေါင်းလှူဒါန်းမည်ဖြစ်ကြောင်း၊ အလားတူ ကျွန်းကလေးကျေးရွာတွင်လည်း COVID-19 ကာလအတွင်း ဆန်အိတ် ၆၀၀ လှူဒါန်းမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုကာ စုစုပေါင်း ငွေ ၁,၁၁၅,၀၀၀ ကျပ်အား Wave Money ဖြင့် လိမ်လည်တောင်းယူ ခဲ့၍ တိုင်တန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Comments