ရဲတပ်ကြပ်ကြီး_ရဲတပ်သားတို့နှစ်ဦးနှင့်_ဒေသခံပြည်သူတစ်ဦးအား TNLAအဖွဲ့ ဖမ်းဆီးခေါ်ဆောင်

မိုးကုတ်မြို့မရဲစခန်းမှ_ရဲတပ်ကြပ်ကြီးနှင့်ရဲတပ်သားတို့ဖြစ်ပြီး ဒေသခံပြည်သူမှာယာဉ်မောင်းဖြစ်
==============
နေပြည်တော် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်၊မိုးကုတ်မြို့မရဲစခန်းမှ ရဲ ၂ ဦးနှင့် ဒေသခံပြည်သူ ၁ဦးကို TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ယမန်နေ့ ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။



ဖြစ်စဉ်မှာ မိုးကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးနှင့် ရဲတပ်သား ခိုင်ခန့်အောင်တို့ ၂ ဦးသည် မိုးကုတ်မြို့နယ်၊သဒွတ်ကျေးရွာနေ ယာဉ်မောင်း ဦးအောင်ကျော်မိုး မောင်းနှင်သော HIJET အမျိုးအစားမော်တော်ယာဉ်ဖြင့် လယ်ကြီးရဲကင်း စခန်းသို့ တာဝန်လဲလှယ်ထမ်းဆောင်ရန် အရပ်ဝတ်ဖြင့် ထွက်ခွာလာစဉ် ညောင်ကုန်း(အောက်)ကျေးရွာသို့ အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၅၀ ဦးခန့်က ၎င်းတို့ ၃ ဦးကို ဟိုးဝိတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ကထုတ်ပြန်ထားသည်။
အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက စုံစမ်းစစ်ဆေးခြင်းနှင့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Comments