JICA Two Step Loan ချေးငွေအစီအစဉ်မှ ထုတ်ချေးရန်ကျန်သည့် ငွေကျပ်(၆၄)ဘီလီယံ ခန့်အား Covid-19 ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်မှုရှိခဲ့သည်MSME လုပ်ငန်းများသို့ ထုတ်ချေးမည်.

နေပြည်တော်၊ ဇွန်(၁၃)
==========
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် JICA Two Step Loan ချေးငွေအစီအစဉ်မှ ထုတ်ချေးရန်ကျန်ရှိသည့် ငွေကျပ်(၆၄)ဘီလီယံခန့်အား COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်မှုရှိခဲ့သည်MSME လုပ်ငန်းများသို့ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဇွန် ၁၃ ရက်နေ့တွင် ပြန်ကြားရေးဝန်
ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
လုပ်ငန်းတစ်ခုလျှင် အများဆုံးကျပ် သန်း(၃၀၀)အထိ ရရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ
Working Capital (၁၀၀)% အထိအသုံးပြုနိုင်မည်ဖြစ်သည်။
အတိုးနှုန်းသတ်မှတ်ချက်အနေနှင့် တစ်နှစ်လျှင်(၅.၅)% မှ(၁၀)%အတွင်းဖြစ်ပြီး အပေါင် ပစ္စည်းပါရှိပါက အတိုးနှုန်း(၅.၅)%ဖြစ်ပါသည်။

အပေါင်ပစ္စည်းမပါ(CGI) စနစ်ဖြင့်လည်း ချေးငွေးလျှောက်ထားနိုင်ပြီး အတိုးနှုန်းသတ်မှတ်ချက်မှာ ချေးငွေ ထုတ်ချေးမည့် သက်ဆိုင်ရာ ဘဏ်အလိုက်Rating သတ်မှတ်ချက်ပေါ်မူတည်ပြီး(၁၀)% ထက်မကျော်လွန်ကြောင်း သိရှိရပါသည်။
ချေးငွေသက်တမ်းမှာ (၃)နှစ်မှ (၅)နှစ်အထိဖြစ်ပြီး (၃)နှစ်အောက်ချေးငွေအတွက် ဆိုင်းငံ့ကာလ (၆)လ၊ (၃)နှစ်မှ (၅)နှစ် အထိ ချေးငွေအတွက် ဆိုင်းငံ့ကာလ(၁)နှစ်ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ချေးငွေရယူလိုသော MSMEs လုပ်ငန်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမ ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသား များဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်၊ ယူအေဘီ(UAB)ဘဏ်၊ ကမ္ဘောဇ ဘဏ်လီမိတက်နှင့် မြန်မာ့ အရှေ့ဆောင်ဘဏ်လီမီတက်များသို့ ဇွန်လ(၁၂)ရက်နေ့မှစတင်ပြီး ဆက်သွယ်စုံစမ်းဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်
ခဲ့သည်။

Comments