COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများနှင့် နယ်မြေခံသင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ ည

နေပြည်တော်၊ ဇွန် - ၁၄
Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၁ ဦးရောက်ရှိခဲ့ပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရှိရသည်။


စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၂၈ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်း များကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။




ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်းနှင့် သံဖြူဇရပ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းတို့၌ ယနေ့တွင် ထပ်မံရောက်ရှိလာသူမရှိကြောင်းနှင့် သံဖြူဇရပ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ အမျိုးသမီး ၁ ဦးအား အမျိုးသမီးရောဂါဖြင့် ၎င်း၏အမျိုးသားနှင့်အတူ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး အမျိုးသား ၂ ဦးအား မိခင်နာရေးကိစ္စဖြင့် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာသို့ စေလွှတ်ပေးခဲ့ကြောင်းသိရှိရသည်။

၁၃ရက္ေန့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၈၃၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၃၂၇ ဦး၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်း၌ ၇၃ ဦး၊ မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်း၌ ၉၄ ဦးနှင့် သံဖြူဇရပ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ၄၉၁ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ နေထိုင်စားသောက်မှုဆိုင်ရာများအား တိုင်းစစ်ဌာနချုပ်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments