COVID-19 သက်ရောက်မှုကိုခံရသည့် သက်ဆိုင်ရာ ဒေသခံလူမှုအဖွဲ့အစည်းများထဲမှ အထောက်အပံ့နှင့် ကူညီပံ့ပိုးမှုများ အမှန်တကယ် လိုအပ်နေသော မိဘမဲ့ ကလေး စောင့်ရှောက်ရေးဌာနများသို့ လှူဒါန်း
=======================
(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်)
MPT အနေဖြင့် ယခုလို COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ဖြစ်စေမည့် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးစွမ်းရုံသာမက MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုအဖြစ် အာဟာရ ဖြည့်ဆည်းပေးမည့် မရှိမဖြစ်လိုအပ်သော အခြေခံ စားသောက်ကုန်များကို ဒေသခံ လူမှုအဖွဲ့အစည်းများသို့ ထောက်ပံ့ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
MPT သည် မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးဌာနများသို့ ငွေကျပ် သိန်း(၁၂၀)ကျော် တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုတို့ကို COVID-19 သက်ရောက်မှုကိုခံရသည့် သက်ဆိုင်ရာ ဒေသခံလူမှုအဖွဲ့အစည်းများထဲမှ အထောက်အပံ့နှင့် ကူညီပံ့ပိုးမှုများ အမှန်တကယ် လိုအပ်နေသော မိဘမဲ့ ကလေး စောင့်ရှောက်ရေးဌာနများသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဌာနများအနေဖြင့် ကလေးငယ်များကို စနစ်တကျ စောင့်ရှောက် ကျွေးမွေးရန်၊ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး စေတနာရှင်များ၏ လှူဒါန်းမှုများမှာ ယခုလို ကာလအတွက်အရေးပါသည့် အထောက်အပံ့ ကောင်းများပင်ဖြစ်သည်။
“MPT အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရှေ့တန်းကဦးဆောင်ပြီး တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ မရှိမဖြစ်လိုအပ်တဲ့တာဝန်ရှိသူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ၊ အသွားအလာ ကန့်သတ် ဆောင်ရွက်ထားတဲ့နေရာတွေနဲ့ စေတနာ့ဝန်ထမ်းတွေအပေါ်မှာ မြန်မာပြည်နှင့်အတူရှိနေမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အထောက်အပံ့ကောင်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရပြီး အခုလို မိဘမဲ့ကလေးစောင့်ရှောက်ရေး ဌာနတွေဟာ သက်ရောက်မှုဒဏ်ကို အထူးပဲရင်ဆိုင်နေရပါတယ်။ အာဟာရပြည့်ဝတဲ့ အခြေခံစားသောက်ကုန်တွေရရှိဖို့ အရေးတကြီး လိုအပ်နေတာကြောင့် ကျွန်တော်တို့ MPT ကနေ မိဘမဲ့ကလေး စောင့်ရှောက်ရေးဌာနတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးစင်တာတွေမှာ အခြေခံ စားသောက်ကုန်တွေ လှူဒါန်းဖို့ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမျိုးသန်းက ပြောကြားခဲ့သည်။
MPT သည် မိမိတို့၏ ဌာနအားလုံးကို လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများဖြင့် စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် MPT အမှတ်တံဆိပ်ဆိုင်များ၊ အွန်လိုင်းမှ ဝန်ဆောင်မှုများနှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားကြောင်းသိရသည်။

Comments
Post a Comment