အရေးပေါ်ရိက္ခာဝယ်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး အရေးပေါ်ရိက္ခာဆန် လက်ခံထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

အရေးပေါ် ရိက္ခာဆန်ဝယ်ယူရေးဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ MAPCO ဆန်စက် တွင် နိုင်ငံတော် အရေးပေါ်ရိက္ခာဆန် ဝယ်ယူလက်ခံ ထားရှိမှုအခြေအနေများအား သွား ရောက် ကြည့်ရှု စစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေး စစ်ဆေးလက်ခံထားမှု နှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် အခြေ အနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
အရေးပေါ်ရိက္ခာဆန်အား လက်ခံ ဝယ်ယူလျက်ရှိရာ ဇွန် ၁၂ ရက်အထိ ရန်ကုန်မြို့တွင် တန် ၃၅၀၀၀၊ မန္တလေး မြို့တွင် တန် ၃၀၀၀၊ နေပြည်တော်တွင် တန် ၁၀၀၀ စုစုပေါင်း တန်ချိန် ၃၉၀၀၀ ကျော် ဝယ်ယူ လက်ခံ ရရှိပြီး ဖြစ်ကြောင်း သိရသည်။

Comments