===========
နေပြည်တော်။ ဇွန် ၉
ဇွန်လ ၇ ရက်နေ့ ၁၉၀၀ အချိန်တွင် ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရွှေကူမြို့နယ်၊ မန္တလေး-ဗန်းမော် သွားကားလမ်းတွင် ငါးအိုးကျေးရွာဘက်မှ ရွှေကူမြို့နယ် ဘက်သို့ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာနေသူများဖြစ်သည့် စိုးအောင် ၄၂ နှစ်မောင်းနှင်ပြီး မြင့်သူထွန်း(ခ)မြင့်သူ ၃၈ နှစ်နှင့် မောင်ဇော် ၃၇ နှစ်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၁၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၁၂ သိန်း)နှင့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၅၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရွှေကူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Comments
Post a Comment