အမည်မသိအမျိုးသား_၆_ဦးက ကျောက်တော်မြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဓား၊ စကေဘာများဖြင့် ဝိုင်းဝန်းထိုးသတ်မှုဖြစ်ပွား
ဆေးကုသမှုခံယူစဉ်_ရရှိဓားဒဏ်ရာများဖြင့်သေဆုံးခဲ့
==============
နေပြည်တော် ဇွန် ၁၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲအရာရှိ တစ်ဦးသည် ရဲစခန်းမှ မြို့သစ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ယနေ့မွန်းလွဲ ၃ နာရီ ၄ဝ မိနစ်ခန့်တွင် နေအိမ်အနီးအရောက်၌ အမည်မသိအမျိုးသား ၆ ဦးခန့်က ဓားများ၊ စကောဘာ များဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါရဲအရာရှိသည် ရဲစခန်း၌ တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူမှ ကလေးနေမကောင်းကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် မြို့သစ် ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက်၌ အမည်မသိအမျိုးသား ၆ ဦး ခန့်က ဓားများ၊ စကောဘာများဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ကြောင်းနှင့် ၎င်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ရရှိဓား ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် အရပ်သားများအသွင်ဆောင်၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး အလစ်အငိုက်တိုက်ခိုက် ခြင်းများ ပြုလုပ်လျက်ရှိရာ ဇွန် ၁၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံတပ်မှ တပ်မတော် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးကို ဓား၊ သံတုတ်များဖြင့် ရိုက်ပုတ်ထိုးနှက်ခဲ့သဖြင့် အရာရှိမှာ ဆေးကုသမှုခံယူခဲ့ရပြီး စစ်သည်အား ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ်အား သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအခါ ရဲအရာရှိတစ်ဦးအား အရပ်သားအသွင်ဆောင်၍ ထပ်မံတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Comments
Post a Comment