"ရှားစောင်းလက်ပပ် အကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်းစနစ်"

ရှားစောင်းလက်ပပ် ဆိုသည်မှာ ပူပြင်းခြောက်သွေ့သော ဒေသများတွင်ပင် စိုက်ပျိုး ဖြစ်ထွန်းပြီး အလွန် အကြမ်းခံသော အပင်တစ်မျိုး ဖြစ်သည်။ ၎င်းအပင်၏ ဆေးဖက်ဝင်သော အကျိုးကျေးဇူးများကြောင့် သဘာဝနတ်ဆေးပင် အဖြစ်လူသိများသည်။
အာဖရိကနှင့် မက်ဒီတာရေးနီးယန်း ဒေသများတွင်ပြီး စတင်ပေါက်ဖွားပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် USA တို့တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကြသည်။ ရှားစောင်းလက်ပပ် ကို အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် စားသောက်ကုန် ထုတ်လုပ်ခြင်း များတွင်လည်း ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲကြသည်။



၁။ ရာသီဥတု လိုအပ်ချက်
အခြေခံအားဖြင့် နွေသမပိုင်းဇုံကို ကြိုက်နှစ်သက် သည်။ သို့သော် ရာသီဥတု အခြေအနေ အမျိုးမျိုး တွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး စိုက်ပျိုးနိုင်သည့် ရာသီဥတု အခြေအနေမှာ မိုးရေချိန် နည်းပြီး ခြောက်သွေ့ ပူနွေးစိုစွတ်သော အခြေအနေမျိုး ဖြစ်သည်။ ဆီးနှင်းဒဏ်နှင့် အေးမြသော ရာသီဥတုကို ခံနိုင်ရည် မရှိပါ။

၂။ မြေဆီလွှာ အခြေအနေ
သဲဆန်သောမြေမှသည် နူံးမြေအထိ မြေအမျိုးအစားများတွင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သို့သော် အကောင်းဆုံးသော မြေအမျိုးအစားမှာ သဲဆန်သောမြေ ဖြစ်သည်။ ရေဝပ်ခြင်းကို မကြိုက်သော အပင်ဖြစ်၍ ရေသွင်းရေထုတ် ကောင်းမွန်သော မြေကိုသာ ရွေးချယ်ပါ။ မြေချဉ်ငန်ဓာတ် ၈.၅ အထိ ကောင်းစွာ ရှင်သန် ဖြစ်ထွန်းနိုင်သည်။ ဝါစိုက်မြေများတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။ ဆားပေါက်မြေ တွင်လည်း ဖြစ်ထွန်းနိုင်သည်။

၃။ ပင်ပိုင်းဖြတ်၍ စိုက်ပျိုးခြင်း
ရှားစောင်းလက်ပပ်သည် မြစ်ပိုင်းများဖြင့် မျိုးပွားနိုင်သည်။ ပင်မ အမြစ်ကြီးကိုမထိခိုက်အောင် ဂရုစိုက်၍ အမြစ်အတက်သေးများကို ဖဲ့ယူပြီး အပင်သစ် စိုက်ပျိုးနိုင်သည်။ အမြစ်တက်များကို လက်ညှိုးတစ်ချောင်း အရှည်ခန့်ဖြတ်၍ အဆစ် နှစ်ခုမှ သုံးခုထိပါအောင် ဖြတ်ကာ အပင်သစ်များ ထပ်မံ စိုက်ပျိုးနိုင်သည်။ ပျိုးခင်းအတွက် သဲဆန်သောမြေကို အသုံးပြုနိုင်သည်။ အမြစ်ပိုင်းမှ အတက်လေးများ ထွက်လာပါက စိုက်ခင်း အတွင်းသို့ ပြန်ရွေ့စိုက်ပါ။ ပျိုးခင်း တစ်ဧက အတွက် အမြစ်အတက်ပေါင်း တစ်သောင်းခွဲခန့်ကို ပုံမှန်အားဖြင့် လိုအပ်သည်။

၄။ မြေပြင်ခြင်း
မြေကိုအတတ်နိုင်ဆုံး ဖွ၍ မွအောင် ထားနိုင်လေ အပင် ပိုမိုကောင်းလေ ဖြစ်သည်။လက်တစ်မိုက် အကွာရှိမြောင်းများဖော်၍ အမြစ်ပိုင်းများကို တစ်ခုနှင့်တစ်ခု တစ်မိုက်စီ ခွာ၍ စိုက်နိုင်သည်။
တစ်ဧကတွင် အပင်တသောင်းခွဲမှ နှစ်သောင်းအထိ ဆန့်ဝင်ပြီး အပင်ကြီးထွားမှု့ ကောင်းမွန်ပါက ပင်ကြား တန်းကြားကို ၁၆လက်မ ၁၈ လက်မ သို့မဟုတ် ၂၄လက်မ ၁၂ လက်မ အကွာအဝေး ရရှိအောင် ထားသင့်သည်။

၅။ ရေသွင်းခြင်း
မိုးအားကိုး၍ စိုက်ရသော ဒေသတွင် ရေသွင်း၍လည်း စိုက်ပျိုးနိုင်သည်။ ရေသွင်းခြင်းကို အမြစ်ပိုင်းချစိုက် စိုက်ပျိုးခြင်း ပြုလုပ်ရန် လိုအပ်သည်။ ပူပြင်း၍ ခြောက်သွေ့သော ဒေသတွင်မူ တစ်နေ့ နှစ်ကြိမ်ထိ ရေသွင်းပေး သင့်သည်။ မိုးရာသီတွင် မိုးရေဝပ်ခြင်း၊ ရေတိုက်စား ခြင်းများ ဖြစ်ပေါ်နိုင်၍ ပိုမို ရေသွင်းရေထုတ် ပြုလုပ်မည့် ကြိမ်ရေကို ဂရုတစိုက် ပြုလုပ် ပေးသင့်သည်။










၆။ ပေါင်းနှိမ်ခြင်း
မြေဘောင်တင်ခြင်းကို ပြုလုပ်သင့်သည်။ ပေါင်းနှိမ်ခြင်းကိုလဲ အချိန် အပိုင်းအခြား ထား၍ ဘောင်တင်ခြင်း နှင့်အတူ ပြုလုပ်သင့်သည်။

၇။ မြေသြဇာ ကျွေးခြင်း
နှစ်စဉ် နှစ်တှိုင်း ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းနှင့် သဘာဝမြေဆွေး ကို တစ်ဧက လျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။ ဓာတုမြေသြဇာ သုံးစွဲလိုပါက နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက် (NPK)ကို တစ်မျိုးလျှင် ၁၂ ပိဿခန့် အသုံးပြုနိုင်သည်။

။ ပိုးမွှားနှင့် ရောဂါ
သံချေးမှို၊ ပင်စည်ပုပ်နှင့် ဘတ်တီးရီးယားပျော့ပုပ်များ အဖြစ်များသည်။

၉။ ရိတ်သိမ်း ခူးဖြတ်ခြင်း
စိုက်ပြီး နောက်တစ်နှစ်တွင် အရွက်ဖြတ်နိုင်ပြီ ဖြစ်သည်။ တစ်ပင်တွင် အရင့်ဆုံးအရွက် သုံးခုမှလေးခု အထိ ဖြတ်ယူ နိုင်သည်။ မနက်ခင်း သို့မဟုတ် ညနေခင်းတွင် ဖြတ်ယူခြင်းကို ပြုလုပ် သင့်သည်။ တစ်နှစ်လျှင် သုံးကြိမ် ရိတ်သိမ်းဖြတ်ယူ နိုင်သည်။ လုပ်သားကုန်ကျ စားရိတ် အနည်းဆုံး သော သီးနှံလည်း ဖြစ်သည်။ ငါးနှစ်လျှင်တစ်ကြိမ် အသစ်ပြန်လည် စိုက်ပျိုးသင့်သည်။ ဘေးတက်မှထွက်သော အမြစ်ပိုင်းများကိုလည်း ပြန်လည် စိုက်ပျိုး နိုင်သည်။

၁၀။ ရိတ်သိမ်းချိန်လွန် ပြုလုပ်သင့်သည့် အချက်များ
အရွက်များ ရိတ်သိမ်းဖြတ်ပြီးပါက အရွက်များ ခြောက်သွေ့ မသွားအောင် ဂရုတစိုက် ထိန်းသိမ်းသင့်သည်။ စိုက်ကွင်းထဲတွင် ဖြတ်ပြီးသွား သော ရှားစောင်းလက်ပပ် ရွက်များ ခြောက်သွေ့ မသွားအောင်လည်း ဂရုစိုက်၍ သယ်ယူ သင့်သည်။ ဖြတ်ထားသော အရွက်၏ ဖြတ်ရာမှ မှိုများ မလိုက်လာအောင်လဲ ခြောက်သွေ့၍ အေးမြသော နေရာတွင် ထားပါ။ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် သိုလှောင် သိမ်းဆည်းပါ။
စိုက်ပြီး ဒုတိယနှစ်မှ ငါးနှစ်တိုင်တိုင် ခူးဆွတ်ရိတ်သိမ်း နိုင်သည်။ ပုံမှန်အားဖြင့် တစ်ဧကတွင် အထွက်နှူန်းသည် အရွက်ထူ ၉၀၀၀- ၁၁၀၀၀ကြား ဝန်းကျင် ရှိသည်။ လူသုံး ဆေးကုမ္ပဏီ နှင့် အလှကုန်ပစ္စည်း ကုမ္ပဏီ များတွင် ပို့နိုင်သည်။ နိုင်ငံတကာ စျေးကွက် တစ်ခုအဖြစ် တည်ရှိနေသော သီးနှံတစ်မျိုး ဖြစ်သည်။ မိုးနည်းဒေသများနှင့် ပူပြင်း ခြောက်သွေ့သော ဒေသတွင် တစ်ကြိမ်သာ စိုက်ရန်လိုအပ်ပြီး ငါးနှစ်တိုင်တိုင် ခူးဆွတ် နိုင်သောကြောင့် လွန်စွာ အဆင်ပြေသော သီးနှံဖြစ်သည်။



ကိုးကား-Agri farming

Comments