ဆေးရွက်ကြီး ဇီဝပိုးသတ်ဆေးရည် ပြုလုပ်နည်း

ဆေးရွက်ကြီးအသုံးပြုပြီး ဇီဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်းကတော့
ဆေးရွက်ကြီးအမှုန့် ၃၀ ကျပ်သား၊ ဆပ်ပြာမှုန့် ၃၀ကျပ်သားကို ရေ (၄) ဂါလန်မှာ ထည့်ပြီး သမသွားအောင် ရောမွှေပေးရမှာဖြစ်ပါတယ်။
အပေါ်ကနေ အဖုံးလုံအောင်ပိတ်ပြီး တစ်ပတ်ကြာအောင်ထားရမှာဖြစ်ပါတယ်။ တစ်ပတ်အတွင်းမှာလည်း (၄-၅) ကြိမ်လောက်မွှေပေးနေရမှာဖြစ်ပါတယ်။


တစ်ပတ်ပြည့်တဲ့အခါ ရလာတဲ့ ဆေးရည်ကို အဖတ်တွေ မပါအောင် ရေစစ် ဒါမှမဟုတ် ပိတ်ပါးစနဲ့ စစ်ယlူ နိုင်ပါတယ်။ အဖတ်တွေကိုလည်း ပုံးထဲပြန်ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြီး သုံးနိုင်ပါတယ်။
စစ်လို့ရလာတဲ့ဆေးရည်ကို ဆေးရည် (၁) ဆ၊ ရေ အဆ ၁၀၀၀ နဲ့ ရောမွှေပြီး စိုက်ခင်းထဲကို တစ်ပတ်တစ် ကြိမ် ပက်ဖျန်းနိုင်ပါတယ်။ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်တွေမှာ အသုံးပြုနိုင်ပါတယ်။ စုပ်စားပိုး၊ ခြစ်စားပိုး၊ ကိုက်စားပိုး၊ ကိုက်စားပိုး၊ ထိုးထွင်းစားပိုး၊ သီးလုံးဖောက်ပိုးတွေကို ကာကွယ်နိုင်ပြီး ဓာတုဆေးတွေလို ဓာတုဓာတ်ကြွင်းကင်းစေပါတယ်။
ဒီဇီဝပိုးသတ်ဆေးကို ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက သုတေသနပြု စမ်းသပ်ထုတ်လုပ်ထား ပြီးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ သီးနှံတွေ အထွက်တိုးပြီး အရည်အသွေးကောင်း၊ ဓာတုဓာတ်ကြွင်းမပါလို့ အကျိုးကျေးဇူးများလှကြောင်းပါခင်ဗျာ






Credit -စိုက်ပျိုးရေးနည်းပညာ

Comments