ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇွန်လ ၁၁ ရက်နေ့ ၁၄၃၀ အချိန်တွင် ရပ်စောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ ရပ်စောက်မြို့နယ်၊ ငါးပင်ရွာဟောင်းကျေးရွာနေ မျိုးမင်းထွန်း ၃၀ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များ



ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀.ဝ၃ သိန်း)၊ မြန်မာငွေကျပ် ၂.၆ သိန်း နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရပ်စောက်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Comments