မြန်မာ_ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကိုကျော်တက်နေသည့် ဘင်္ဂါလီ ၂ ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


==============
နေပြည်တော် ဇွန် ၁၃
ဇွန် ၁၁ ရက် ည ၁ဝ နာရီခွဲခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား မိမိနိုင်ငံဘက်ခြမ်းမှ ကျော်တက်နေသည့် မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ အာရာဖတ်(ဘ)မာမတ်ခမ် နှင့် မာမတ်နူရ်(ဘ) နိုရာမင် တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့ ထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၃၄၁၂၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၈ဝဝ ကျော်) ကို သိမ်းဆည်း ရမိခဲ့ကြောင်း တပ်
မတော်က သတင်းထုတ်ပြန်ခဲ့သည်။



အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ပြင်ဖြူနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Comments