မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွား များအတွက် ဦးဇော်ဇော်၏ သား၊ သမီးနှင့် သူငယ်ချင်းများ ပံ့ပိုးကူညီ

ရန်ကုန် -ဇွန် -၇
ဦးဇော်ဇော်၏ သား၊ သမီးနှင့် သူငယ်ချင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခက်အခဲ အကျပ်အတည်း ရှိနေသော မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွား များအတွက် သွားရောက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။
ဇွန်လ (၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာရှိ မျိုးဆက်သစ် ပရဟိတကျောင်းမှ မိဘမဲ့ နို့စို့ကလေးအရွယ် (၃၃)ဦး၊ ၄နှစ်မှ ၆နှစ်ကြား ကလေးငယ် (၆၈)ဦး၊ ကျောင်းသား (၄၂)ဦးနှင့် သံဃာတော်များအပါအဝင် စုစုပေါင်း (၁၅၂)ဦးအတွက် ဆန်၊ ဆီ၊ ကလေးနို့မှုန့်၊ ကလေးအရုပ်များနှင့် ငွေကျပ် (၁၀)သိန်းကို ​ဆရာတော် ဦးဓမ္မနန္ဒထံသို့ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင် ရွှေပြည်သာမြို့နယ်၊ (၁၁)ရက်ကွက်ရှိ မေတ္တာရင်ခွင် မိဘမဲ့ကျောင်း (ခရစ်ယာန်ကျောင်း)ရှိ ကျောင်းသားနှင့် မွေးကင်းစ ကလေးငယ် စုစုပေါင်း ၇၁ဦးအတွက် ဆန်၊ ဆီ၊ ကလေးနို့မှုန့်နှင့် ဗလာစာအုပ်များ၊ ငွေကျပ် (၁၀)သိန်းကို ဆရာမ ဒေါ်မာစီစောဒိမ် ထံသို့ပေးအပ်လှူဒါန်းခဲ့သည်။
ထို့အတူ ဇွန်လ (၇)ရက်နေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ချမ်းသာအောင် သီလရှင် ပညာရေးကျောင်းရှိ မိဘမဲ့ ကလေးငယ် (၄၅)ဦး၊ သီလရှင် (၁၅)ပါးတို့အတွက် ဆန်၊ ဆီ၊ ဗလာစာအုပ်များနှင့် ငွေကျပ် (၁၂)သိန်းကို သီလရှင်ဆရာကြီး ဒေါ်သုဝဏ္ဏဉာဏီထံသို့ လှူဒါန်းခဲ့ပါသည်။ တစ်ဆက်တည်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာရှိ YGW ထာဝရဘိုးဘွာရိပ်သာရှိ အဘိုးအဘွား (၃၄)ဦးအတွက် ဆန်၊ ဆီ၊ Ensure ဘူး (အာဟာရ ဖြည့်စွက်စာ)များနှင့် ငွေကျပ် (၁၄)သိန်း (၆)သောင်းတို့ကို ဆရာတော် ဦးဝိဇယထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။






Image may contain: ၄ people

Comments