ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ_ဦးသန်းဌေး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး သမ္မတ( ငြိမ်း ) ဦးသိန်းစိန် ဝန်းရံ ကူညီမည်ဟုဆို
============
နေပြည်တော် ဇွန် ၁၃
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြ မီမီဇော်က ဇွန် ၁၃ ရက်နေ့တွင္ အတည်ပြု ပြောဆိုသည်။

“ ဟုတ်ပါတယ် ၊ ဘယ်မြို့နယ်တွေက ဝင်ပြိုင်မယ်ဆိုတာကတော့ ရွေးကောက်ပွဲနီးတဲ့ အခါမှာ ထုတ်ပြန်ပါလိမ့်မယ် ၊ အခုလောလောဆယ်တော့ အတိအကျ မထုတ်ပြန်သေးပါဘူး “ ဟု ၎င်းကပြောသည်။
ထို့အပြင် ၊ နိုင်ငံတော်သမ္မတ ( ငြိမ်း ) ဦးသိန်းစိန် ကလည်း ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး အတွက် အားပေးဝန်းရံ ကူညီသွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်မှ ဇွန် ၁၃ ရက်က ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖေါ်ပြထားသည်။

Comments