မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၁၆
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာနေ မောင်ဖြူ (ဘ) ဦးထွန်းမောင်၏ နေအိမ် အား ဇွန် ၁၄ ရက် ညနေ ၆ နာရီ ၅ဝ မိနစ်ခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးရာ မောင်ဖြူအား နေအိမ်ရှေ့တွင်ရပ်ထားသော ISUZU အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အမှတ်၊ YGN 3K/--- နှင့်အတူ တွေ့ရှိရပြီး မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄၅ဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်)ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကြိမ်ချောင်းနယ်မြေ ရဲစခန်း သို့ စနစ်တကျလွဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Comments

  1. Sands Casino: 150% up to $2,000 + $100 Free Chip
    Located at the sands casino resort in Las Vegas, Sands Casino's 2025 หารายได้เสริม slots deccasino game floor offers 100+ slot machines, 샌즈카지노 table games, live entertainment,

    ReplyDelete

Post a Comment