လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည်
အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။
အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား "ဖခင်
--- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။ ထိုကဲ့သို့ မေးသောအခါ
ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် ---
(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)
(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)
(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)
(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
( ဆည်းပူးရှာဖွေရမယ်။
(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်)။
(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူ:)
ဒီတရားခြောက်ပါးဟာ စီးပွါးဖြစ်ခြင်းရဲ့ အလွန်မွန်မြတ်တဲ့ အကြောင်းပဲ"
ဟု ဖွကွေား၏။
(၁) ကျန်းမာရေးကောင်းရမည်ဟုဆိုရာ၌ ကျန်းမာရေးသည် အလွန်အရေးကြီး၏။ ကျန်းမာရေးကောင်းမှသာ စီးပွါးရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး အားလုံးကို ရည်မှန်းသလောက် ခရီးရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၏။ကျန်းမာရေးထိခိုက်လောက်အောင် လုံးဝမလုပ်သင့်ချေ။ အလုပ်အလွန်လုပ်ပြီးမှ ကျန်းမာရေးထိခိုက် သွားလျှင်လည်း မိမိလုပ်ဆောင်ကြိုးစားရကျိုး နပ်တော့မည်မဟုတ်ချေ။ သို့ဖြစ်၍ ဘုရားရှင်သည် ကျန်းမာရေးကို နံပါတ် (၁) ဟောတော်မှုသည်။
(၂) ကိုယ်ကျင့်သီလပြည်စုံရမည်ဟုဆိုရာ၌ ကိုယ်ကျင့်တရား မကောင်းလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်၊ သူတစ်ပါး၏ ယုံကြည်မှုကို မရလျှင် လုံးဝအလုပ်မဖြစ်နိုင်၊ ကံငါးပါးလုံးကို မဆိုထားဘိ၊ အဒိန္နာဒါနနှင့် မုသာဝါဒ တစ်ခုခု ပျက်ယွင်းနေလျှင်ပင် အလုပ်လုပ်၍မဖြစ်တော့။ သုရာမေရယလွန်ကဲလာလျှင် ရောက်နေသည့်အခြေအနေမှ
ပြန်ကျရန်မှာ သေချာနေတော့၏။ သုရာမေရယကြောင့် ဘဝပျက်ခဲ့သူများကား အများအပြားပါပေ။
(၃) ပညာရှိတို့၏ ဩဝါဒကို နာခံမှတ်သားရမည်ဟုဆိုရာ၌ သက်ဆိုင်ရာဘာသာရပ်၊ သက်ဆိုင်ရာလုပ်ငန်းကို ထူးထူးချွန်ချွန် တတ်မြောက်ကျွမ်းကျင်သော ပုဂ္ဂိုလ်သည် ပညာရှိသာ ဖြစ်၏။မိမိလေ့လာနေသော ဘာသာရပ်၊ လုပ်ငန်းအတွက် ကျွမ်းကျင်သောပညာရှိနှင့် လက်တွဲကာ လမ်းညွှန်းမူ၊ အကြံဉာဏ်ပေးမှုကို ရယူကာ လိုက်နာဆောင်ရွက်ရန် လိုအပ်လေသည်။
(၄) အကြားအမြင်များအောင် ရှာဖွေဆည်းပူးထားရမည်ဟု ဆိုရာ၌ ခေတ်နှင့်တစ်ပြေးညီ အရာရာကို သိထားရန်လိုသည်။အိုင်တီနည်းပညာများ အလွန်ထွန်းကားကာ ကမ္ဘာကိုရွာလောက် မှတ်နေသည့် ဤခေတ်ဤကာလကြီး၌ လွန်ခဲ့သည့် အနှစ်(၃၀) လောက်က ဗဟုသုတဖြင့် စီးပွါးရေး လုပ်၍မရတော့၊ မျက်မှောက်ခေတ် မျက်မှောက်အချိန်၏ ဖြစ်ပေါ်လာမှုကို အချိန်နှင့်တစ်ပြေးညီ သိနေရန်လိုသည်။
(၅) သုစရိုက်သုံးပါး အလိုရှိရမည်ဟု ဆိုရာ၌ လုပ်ငန်းကြီးလျှင် ကုသိုလ်ကံ ကြီးဖို့လို၏။ အချို့ရာထူးများ၊ စည်းစိမ်များသည် ပစ္စုပ္ပန်ကံတစ်ခုတည်းနှင့်မရနိုင်၊ အတိတ်က ကြီးမားသောကုသိုလ်ကံပါမှ ရနိုင်၏။ ဆန်ဆုံတော့ စား၊ ကံကုန်တော့ သွားဟူသော စကားကဲ့သို့ ကံကုန်လျှင် ရှိသမျှကို စွန့်၍ သွားရမည်။ အတိတ်ကကံက အားနည်းလာသည့်တိုင် ပစ္စုပ္ပန်ကံကအားကောင်းနေလျှင်
မော်တော်ယာဉ် ကောင်းကောင်းဖြင့် လမ်းဆိုးဆိုးကို သွားသူကဲ့သို့ လမ်းဆိုးနေသည့်တိုင် မော်တော်ယာဉ်ကောင်းနေသောကြောင့် အခက်အခဲမဖြစ်နိုင်။ ထိုဆိုးသော ခရီးလမ်းပိုင်းကို ကျော်လွန်နိုင်၏။
မော်တော်ယာဉ်ကလည်းမကောင်း လမ်းကလည်း အလွန်ဆိုးနေလျှင် မော်တော်ယာဉ် တစ်စစီပြုတ်ထွက်ပြီး ထိုဆိုးလှသော ခရီးလမ်းပိုင်းကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ လမ်းသည် အတိတ်ကံနှင့် တူ၍ မော်တော်ယဉ်သည် ပစ္စုပ္ပန်ကံနှင့် တူ၏။ မိမိတို့အတွက် လုံခြုံစိတ်ချရမည့် ပစ္စုပ္ပန် ကာယသုစရိုက်၊ ဝစီ သုစရိုက်၊ မနောသုစရိုက် ဟူသော ကိုယ်နှုတ်စိတ်တို့ဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်အမျိုးမျိုးကို အမြဲပြုလုပ်အားထုတ်နေကြရမည်။ သို့မှသာ ယခုဘဝ၌ ကျမ်းမာ၊ ချမ်းသာ၊ အသက်ရှည်ရုံမျှမက အနာဂတ်ဘဝများပါ ထိုအကျိုးတရားများ ရရှိသွားမည်ဖြစ်၏။
(၆) မပျင်းရိရဟု ဆိုရာ၌ ပျင်းရိခြင်းသည် စီးပွါးဥစ္စ္စာ ပျက်စီးခြင်း၏ အကြောင်းတစ်ပါးဖြစ်၏။ သူရာသောက်စား၊ လမ်းသွားခါမဲ့၊ ရှူငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းသာတည်း --- ဟူသော ဘုရားဟော ဒေသနာတော်နှင့်အညီ ရှေးပညာရှိများ ဆုံးမထားသောစကားရှိ၏။ သို့ဖြစ်၍ ပျင်းရိတတ်ခြင်းကို လှုတိုင်း လုံးဝရှောင်ရှားရမည်ဖြစ်၏။
ဤအကြောင်းအင်္ဂါခြောက်ပါးနှင့်ပြည့်စုံလျှင် ဧကန် တိုးတက်ကြီးပွါးနိုင်မည်ဖြစ်၏။ ဘုရားဟော ဒေသနာတော်ဖြစ်၍ မမှိတ်မသုန် ယုံကြည်စွာ ကျင့်ကြံသင့်ကြပေသတည်း။
Crd းဓမၼရြာ

Comments
Post a Comment