ကလေးဝမြို့နယ်၊ မြစ်သာမြစ်အတွင်း စက်လှေ(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ




၇-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြိုန့ယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များရုံးမှ အဖွဲ့ဝင်များ၊

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြစ်သာမြစ်အတွင်း သစ်သားခွံစက်လှေငယ်(၂)စီးနှင့်အတူ တရားမဝင်အင်ခွဲသား (၁၇၉)ချောင်း (၁၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး

ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Comments