===========
ရန်ကုန် -ဇွန် -၈
တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အနေဖြင့် တရုတ်နိုင်ငံတံဆိပ်ခေါင်းစုဆောင်းခြင်းကုမ္ပဏီ (China National Philatelic Corporation) က ဇွန်လ ၈ ရက်နေ့တွင် အထိမ်းအမှတ်စာအိတ်ကို ထုတ်ဝေလိုက်ပါသည်။
အထိမ်းအမှတ်စာအိတ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံ ထူးခြားချက်လက္ခဏာများ ပါဝင်သည်။
တရုတ်-မြန်မာနှစ်နိုင်ငံ အလံအောက်တွင် နှစ်နိုင်ငံ၏ သင်္ကေတ အဆောက် အအုံများပါဝင်ပါသည်။ ပေကျင်း the Temple of Heaven သည် တရုတ်နိုင်ငံကို ကိုယ်စားပြုပြီး ရန်ကုန်ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည်။ အထိမ်းအမှတ်စာအိတ် ညာအပေါ်ထောင့်တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်” ဟူသော ရက်စွဲပါတံဆိပ်နှိပ်ထားပြီး သိသာထင်ရှားသည့်နေရာ၌ “တရုတ်- မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။” ဟူသည့် ဆုတောင်းစကားရေးသားထား
ကြောင်းသိရသည်။
Comments
Post a Comment