အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေရချင်ပါတယ်လို့ဆိုလာတဲ့ မော်ဒယ်သရုပ်ဆောင် ပန်းဟေသာ
ရန်ကုန် ဇွန်၁၀
အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေရချင်ပါတယ်လို့ဆိုလာတဲ့ မော်ဒယ်သရုပ်ဆောင် ပန်းဟေသာဟာ အဖ ဦးစံသိန်း ၊ အမိ ဒေါ်သန်းသန်းဝင်းတို့မှ မွေးဖွားပြီး ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ဇာတိဖြစ်ပါတယ်။ အခုလက်ရှိနေရပ်လိပ်စာကတော့ လှိုင်သာယာမြို့နယ်၊ တံတားဖြူမှာ နေထိုင်သူဖြစ်ပါတယ်။
သူမရဲ့အနုပညာအမည်ကတော့ ပန်းဟေသာ ဖြစ်ပါတယ်။
ပန်းဟေသာအနေနဲ့ဝါသနာပါတဲ့အားကစားကတော့ ဘောလုံးကန်ရတာနှင့် ကြက်တောင်ရိုက်ရတာကို နှစ်သက်သူဖြစ်ပါတယ်။
ပန်းဟေသာအနေနဲ့ ယနေ့ခေတ် ဖက်ရှင်ပေါ်အမြင်ကတော့ မြန်မာဆန်ဆန်လေးတွေကို သဘောကျပါတယ်လို့ဆိုပါတယ်။
ပန်းဟေသာရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ MTV ကတော့ စက္ကူရောင် အချစ်သီချင်း ၊ ချစ်ချိန်နေကောင်းလား ရခိုင်သီချင်း ၊ အချစ်အီကွေးရှင်း ၊ စတုတ္ထကြိမ်မြောက် သွေးကြောမျှင် တို့ကိုရိုက်ကူးထားပြီး စုစုပေါင်း ၁၀ ကားကျော်ရိုက်ကူးထားတာဖြစ်ပါတယ်။
ပန်းဟေသာအနေနဲ့ရရှိခဲ့တဲ့ ဆုတွေကတော့ Mister & Miss Beauty 2019 မှာ Yangon South Winner၊Photogenic Award ၊ Best Catwalk Award နှင့် Mr. & Miss Eco Tourism Universe မှာ Fashion Winner နှင့် Best Smile ဆုတို့ကိုရရှိထားပါတယ်။
ပန်းဟေသာရဲ့ဘဝမှာဖြစ်ချင်တဲ့ဆန္ဒကတော့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဖြစ်ပြီး ပရိသတ်အားပေးမှုတွေရချင်ပါတယ်လို့ဆိုပါတယ်။
ပန်းဟေသာအနေနဲ့အခုလတ်တလောမှာပရိသတ်ပြောပြချင်နေတဲ့စကားကတော့ ဟေသာကို ဆက်လက်အားပေးပါ။ ပရိသတ်အားပေးမှုတွေနဲ့ ဆက်လက်ကြိုးစားချင်ပါတယ်လို့ဆိုပါတယ်။
သူမအနေနဲ့ဘဝမှာလက်ကိုင်ထားတဲ့ဆောင်ပုဒ်ကတော့''ကြိုးစားနေသ၍ လိုချင်တဲ့ပန်းတိုင်ကို တစ်ချိန်ရောက်မှာပါ ''ဆိုတဲ့ ဆောင်ပုဒ်ကို လက်ခံထားပါတယ်လို့ မော်ဒယ်သရုပ်ဆောင် ပန်းဟေသာ က ဖြေကြားခဲ့ပါတယ်။
Comments
Post a Comment