ကလောမြို့တွင် ငွေကျပ် ၁၀၈၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၀

ဇွန်လ ၈ ရက်နေ့ ၁၃၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့၊ အမှတ်(၅)ရပ်ကွက်၊ အောင်သပြေလမ်းတွင် ရပ်တန့်ထားသည့် ယာဉ်မောင်း နေလင်းမောင်(ခ)မောင်မောင် မောင်းနှင်ပြီး ကျော်သန်းလိုက်ပါလာသည့် ISUZU အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်၊ ဇော်မြင့်မောင်းနှင်ပြီး စိုးသိန်း လိုက်ပါလာသည့် ISUZU အမျိုးအစား ၆ ဘီးမော်တော်ယာဉ်၊ အောင်ကြည်ဖြိုးမောင်းနှင်သည့် ၁၀ ဘီးမော်တော်ယာဉ်နှင့် စိုးမြင့်လှိုင် မောင်းနှင်သည့် ၁၀ ဘီး မော်တော်ယာဉ်တို့ကို တာဝန်ခံဖြစ်သူ




 ကျော်မင်းနှင့်အတူတွေ့ရှိသဖြင့် ရှာဖွေရာ ၎င်းမော်တော်ယာဉ်များပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ဆိုဒီယမ်ဆိုင်ရာနိုက် ၁၈၀၀၀ ကီလို၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် နေလင်းမောင်(ခ)မောင်မောင် ၃၁ နှစ်၊ ကျော်သန်း ၅၁ နှစ်၊ ဇော်မြင့် ၄၈ နှစ်၊ စိုးသိန်း ၄၆ နှစ်၊ အောင်ကြည်ဖြိုး ၂၆ နှစ်၊ စိုးမြင့်လှိုင် ၄၄ နှစ်၊ ကျော်မင်း ၆၃ နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Comments