တောင်ကုတ်မြို့နယ်၌ တရားမဝင် နွား ၁၃ ကောင် သယ်ဆောင်သူ ၄ ဦးအား ဖမ်းဆီးရမိ




ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်ကျေးရွာလှေဆိပ်၌ ဇွန်လ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က မသင်္ကာဖွယ် စက်လှေ ၁ စီး ဆိုက်ကပ်ထားကြောင်း သတင်းအရ ရွာမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။



အဆိုပါ စက်လှေပေါ်မှ နွား ၁၂ ကောင်၊ စက်လှေအနီး ချောင်းကမ်းစပ်မှ နွားမ ၁ ကောင် တို့နှင့်အတူ ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာနေ လှအေးမောင်(၅၀)နှစ်ပါ ၄ ဦးအား ဖမ်းဆီးရမိ ခဲ့သဖြင့် လှအေးမောင်ပါ ၄ ဦးအား ရွာမနယ်မြေရဲစခန်း(ပ)၁၈/၂၀၂၀၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Comments