တို့မြန်မာပြည်မှာ တစ်ခါတလေ ပေါ်တတ်တယ်။
ကိုယ်က လှူရတယ်ဆိုပြီး အလှူခံသံဃာတွေအပေါ်
အထင်အမြင်သေးတတ်ကြတယ်။
ငါတို့လှူလို့ သူတို့ဘဝရပ်တည်မှုအဆင်ပြေတာ
ငါတို့မလှူရင် ဘာမှမတတ်နိုင်ဘူးဆိုပြီး
အလှူဒါနအပေါ်တလွဲမာန်တက်ကြတယ်
ကိုယ်က လှူရတယ်ဆိုပြီး အလှူခံသံဃာတွေအပေါ်
အထင်အမြင်သေးတတ်ကြတယ်။
ငါတို့လှူလို့ သူတို့ဘဝရပ်တည်မှုအဆင်ပြေတာ
ငါတို့မလှူရင် ဘာမှမတတ်နိုင်ဘူးဆိုပြီး
အလှူဒါနအပေါ်တလွဲမာန်တက်ကြတယ်
ဘုရားဂေါပက ဘုန်းကြီးကျောင်းဂေါပကလုပ်ရလျှင်
ဘုရားထက် ဘုန်းကြီးထက် ရာထူးကြီးတယ်ထင်ကာ
ဘဝမေ့ ဘဝင်ကိုင်သွားတဲ့သူတွေရှိတယ်။
ဒါ့အပြင် နည်းနည်းပါးပါး တရားသိသွားပြီဆိုလျှင်
ဘုန်းကြီးတောင် ရှိမခိုးနိုင်တော့ဘူးဆိုတဲ့
အနေအထားဖြစ်သွားတာတွေရှိတယ်။
ယခင်က သံဃာကိုလေးစားပြီး ဘုန်းကြီးကိုရှိခိုးတယ်။
တရားကျင့်ပြီးတဲ့နောက် ဘုန်းကြီးကို ရှိမခိုး
နိုင်တော့ဘူးဆိုတော့ သူက မာန်မာနတွေ
ပိုတက်သွားတဲ့ သဘောပေါ့။
မာနဆိုတာ ကုသိုလျလား, အကုသိုလျလား
မေးလျှင် အကုသိုလ်ပဲ။
ကိုယ့်ရဲ့ အရည်အချင်းကို ဘုန်းကြီးထက်
သာတယ်ဆိုတဲ့ အနေအထားထိ
ရောက်အောင်မြှင့်ပြီး၊ ကိုယ့်အနေနှင့်
အရိုအသေ ပေးရမည့်ပုဂ္ဂိုလ် မရှိတော့ဘူးလို့
ထင်လာတာ တလွဲမာန်၀င်တာပဲ။
မာနက ၀င်မှန်း မသိအောင် တစ်ခါ,
တစ်ခါ သိမ်မွေ့တယ်လို့ ဆိုလိုတာ။
မှန်ကန်တဲ့တရားကို သိရှိနားလည်လာတဲ့
ပုဂ္ဂိုလ်က အဲဒီလို မဟုတ်ဘူး။
ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို
ရိုရိုသေသေ လေးလေးစားစား ဆက်ဆံနိုင်တဲ့
အနေအထားမျိုး ရှိတယ်။
အားလုံးအပေါ်မှာ မေတ္တာထားနိုင်တဲ့ စိတ်ရှိတယ်။
စိတ်ကောင်း နှလုံးကောင်းမွေးတယ်။
မာန်မာနတွေ ကင်းတယ်။ ကိုယ့်ကိုယ်ကိုယ်
အထင်ကြီးတဲ့စိတ်တွေ လျော့ကျလာတယ်။
တကယ်တတ်ပြီဆိုတဲ့ ပုဂ္ဂိုလ်တွေက ပြောလေ့ရှိတယ်။
"ငါ မတတ် သေးဘူးလို့ သိတဲ့နေ့ဟာ
စာတတ်တဲ့ နေ့ပဲ"တဲ့။
တကယ်တတ်တဲ့သူဟာ အရာရာကို
မှန်မှန်ကန်ကန် မြင်တတ်လာတယ်။
ဆရာတော်ကြီးတွေက ဘယ်လို ဥပမာ
ပေးသလဲဆိုလျှင် စပါးသီးထဲမှာ အဆံပြည့်တဲ့
စပါးနှင့် အဆံမပြည့်တဲ့စပါး နှစ်ခုရှိတယ်။
အဆံပြည့်တဲ့စပါးက ငိုက်ကျတယ်။
အဆံမပြည့်တဲ့ စပါးက ထောင်ထောင်,
ထောင်ထောင်နဲ့ နေတယ်။
ကြည့်လိုက်ရင် အဆံမပါဘူး။ သူက အခွံချည့်ပဲ။
အဲဒီ အခွံတွေချည့်ပဲဆိုလျှင် ပိုထောင်တယ်တဲ့။
အဆံပြည့်သွားလျှင် ငိုက်ကျသွားတယ်။
အဲဒါ ဘာကို သရုပ်ဖော်သလဲဆိုရင်
တရားကို သိရင် အားလုံးကို
လေးစားတတ်သွားတယ်လို့ ဒီလို ဆိုလိုတာ။
မာန်မာန ပိုပြီး နည်းသွားတယ်လို့ ပြောတာ။
ပညာရှိလာတဲ့ ပုဂ္ဂိုလ်က မာန်မာန ပိုနည်းလာတယ်။
ပညာရှိလို့ မာန်မာနတွေ ပိုတက်သွားတယ်ဆိုတာ
လုံလောက်အောင် ပညာမရှိလို့ပဲလို့ မှတ်ရမယ်။
အဆံပြည့်တဲ့စပါးတွေ ငိုက်ကျသွားသလိုပဲ
ပညာရှိတဲ့ ပုဂ္ဂိုလ်က အားလုံးကို
လေးစားနိုင်တဲ့ အနေအထားမျိုး ရောက်သွားတယ်တဲ့။
အဆံမဲ့တဲ့ စပါးသည် ထောင်သလို
မတတ်တတတ် ပညာမရှိတဲ့ ပုဂ္ဂိုလ်က
ဆောင့်ကြွား, ဆောင့်ကြွား မာန်မာနတရားတွေ
တက်ကြွ လာတတ်တယ်တဲ့။
အဲဒီလိုမဖြစ်အောင် သတိထားရမယ်။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

Comments
Post a Comment