ပြက်ရယ်မပြု ထိုက်ကုန်သော#အရာလေးပါး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ပသေနဒီကောသလမင်းသည်
မြတ်စွာဘုရားထံ ချ ဉ်းကပ်၍
ရှင်ဂေါတမသည် အတုမရှိသော သဗ္ဗညု တ ဥာဏ်ကို ရ၏ ဟူ၍ ဝန်ခံသလော ဟုလျှောက်၏။

မင်းကြီး ဝန်ခံ၏ ဟု မိန့်တော်မူ၏။

အရှင်ဂေါတမ ပူရဏကဿ ပ အစရှိသော ဆရာကြီးတို့ပင် ထိုသို့ဝန်မခံကြပါ။ အရှင်ဂေါတမသည် ငယ်လည်းငယ်၏။ ရဟန်းပြုသစ်စလည်းဖြစ်၏။ သို့ဖြစ်လျက် အဘယ်ကြောင့်*ဝန်ခံသနည်း* ဟုလျှောက်၏။

(၁) မင်းကြီး မင်းသားကို ငယ်၏ဟူ၍ မထေမဲ့မြင် မပြု ထိုက် ငယ်၏ဟူ၍
ပြက်ရယ်မပြု ထိုက်။

(၂)မင်းကြီး မြွေကိုငယ်၏ဟူ၍ မထေမဲ့မြင်
မပြု ထိုက် ငယ်၏ဟူ၍ ပြက်ရယ်မပြု ထိုက်။

(၃)မင်းကြီး မီးကိုသေးငယ်၏ဟူ၍ မထေမဲ့မြင် မပြု ထိုက် ငယ်၏ဟူ၍ ပြက်ရယ်မပြု ထိုက်။

(၄)မင်းကြီး ရဟန်းကို ငယ်၏ဟူ၍ မထေမဲ့မြင် မပြု ထိုက် ငယ်၏ဟူ၍ ပြက်ရယ်မပြု ထိုက်။

#မင်းကြီး ဤအရာတို့ကား မထေမဲ့မြင်မပြု ထိုက်ကုန်သော ပြက်ရယ်မပြု ထိုက်ကုန်သော အရာလေးပါးတည်းဟုမိန့်တော်မူ၏။

#မြတ်ဗုဒ္ဓ

Comments