"သီတဂူဆရာတော် ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၃၇၇ပိသာတို့ကိုလှူဒါန်းရန်စတင်ပြင်ဆင်




========= ရန်ကုန် -ဇွန် -၈

သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၃၇၇ ပါး တို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍ -တောင်ဒဂုံ -မြောက်ဒဂုံ -တောင်ဥက္ကလာ -မြောက်ဥက္ကလာ -သာကေတ ၅ မြို့နယ်မှ ၄၆ ကျောင်း၊ ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းသွားမည်ဟုသိရသည်။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟုသိရသည်။

Comments