ရိက္ခာတာဝန်ခံ AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၁၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးအရ ယာဉ် အဝင်/အထွက်များအား စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ဇွန် ၁ဝ ရက် ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေပြည်သစ် ခရီးသည်တင် ယာဉ်ပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏အမာခံ ၁ ဦးကို အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီး ရမိခဲ့သည်။




ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ မောင်ဇော်ဌေး အသက် ၂၁ နှစ်(ဘ) ဦးလှရွှေမောင် ဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏သင်တန်းသို့ တက်ရောက်ခဲ့ပြီး မြေပုံမြို့နယ်၊ ဒဂုံ ကျေးရွာတွင် နေထိုင်ကာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အတွက် ရိက္ခာများ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လတွင် ဒါးလက်ရွာဟောင်း အနီးရှိ AA အကြမ်းဖက် သောင်းကျန်းသူ စခန်းသို့ သွားရောက်နေထိုင်ခဲ့ရပြီး နေထိုင်စဉ် ပင်ပန်းဆင်းရဲမှုဒဏ်အား မခံနိုင်သဖြင့် ထွက်ပြေး လာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏အမာခံ ၁ ဦးအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည္။



Source:တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Comments