Myanmar Idol Season (4) ကို OPPO Myanmar မှ Official Smartphone Sponsor အဖြစ် ပံ့ပိုးကူညီသွားမည်

OPPO Myanmar မှ ပရိတ်သတ် စိတ်ဝင်စားမှုအများဆုံးရှိထားသော Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲကို Official Smartphone Sponsor အဖြစ် ပံ့ပိုးကူညီပေးသွားတော့မည် ဖြစ်ကြောင်း  ကြေညာ
ခဲ့သည်။

 ယခုကျင်းပမည့် Myanmar Idol ပြိုင်ပွဲသည် (၄)ကြိမ်မြောက်အထိကို ရောက်ရှိလာပြီ ဖြစ်ပြီး ယခုပြိုင်ပွဲတွင်လည်း မြို့နယ် ပေါင်း ၂ဝက ပြိုင်ပွဲဝင်သုံးသောင်းကျော် လာရောက် ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။ Myanmar Idol မှ Top 11 ပြိုင်ပွဲဝင်များကိုလည်း ကြေညာပေးထားပြီး ပြိုင်ပွဲကို OPPO မှ မကြာခင်က အသစ်စက်စက် မိတ်ဆက်ပေးထားသော OPPO Reno2 I 2F စမတ်ဖုန်းများနှင့်အတူ ပံ့ပိုးကူညီပေးသွားမည် ဖြစ်
သည်ဟုသိရသည်။

ဝယ်ယူအားပေးသူများအတွက် OPPO မှ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ ၃၁ မှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် စတင်တော့မည့် Myanmar Idol Season (4) ပြိုင်ပွဲသို့ ကိုယ်တိုင်တိုက်ရိုက်သွားရောက်ခွင့်ကိုလည်း ပေးအပ်သွားမည်ဖြစ်ပြီး OPPO Reno2 I 2F စမတ်ဖုန်း ဝယ်ယူထားသူများသည် ဝယ်ယူထားကြောင်းသက်သေဖြစ်သော ဖြတ်ပိုင်းဘောင်ချာကို OPPO Myanmar Facebook Page တွင် တင်ထားသော ပို့စ်တွင် Comment ပေးရမည်ဖြစ်ပြီး ကံထူးသူအယောက် (၂၀)သည် ကြာသပတေးနေ့တွင် ကျင်းပပေးသွားမည့် Myanmar Idol Season (4) ပြိုင်ပွဲကို သွားရောက်ကြည့်ရှုဖို့အတွက် အခွင့်အရေး ရရှိသွားမည် ဖြစ်သည်။ ထို့အပြင် အပတ်စဉ် စနေနေ့တိုင်းတွင် OPPO Diary Campaign ကိုလည်း OPPO Myanmar Facebook Pageတွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကံထူးသူအယောက် ၂၀ ကို ရွေးချယ်ကာ သောကြာနေ့တွင် ပြုလုပ်မည့်  Myanmar Idol Season (4) ပြိုင်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်များကိုလည်း အပတ်စဉ် အင်္ဂါနေ့တိုင်း ‌ရွေးချယ်ပေးသွားဦးမည် ဖြစ်ကြောင်း သိရှိရသည်။





Comments