တရုတ်နိုင်ငံထုတ်စိုက်ပျိုးရေးသုံးပစ္စည်းများပြပွဲကြီး(MYANMAR AGRITECHANDCONSTRUCTIONMACHINERYEXPO)ပြပွဲကြီးပြုလုပ်မည်

တရုတ်နိုင်ငံထုတ်စိုက်ပျိုးရေးသုံးပစ္စည်းများပြပွဲကြီး(MYANMAR AGRITECH ANDCONSTRUCTION MACHINERYEXPO)ကို နိုဝင်ဘာလ ၂၂ရက်မှ၂၄ ရက် နံနက် (၉) နာရီ မှ ညနေ (၆) နာရီထိ၊ ရန်ကုန်မြို့ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမတွင်ဝင်ကြေးအခမဲ့ဖြင့်ပြသသွားမည် ဖြစ်ကြောင်းနိုဝင်ဘာလ (၄) ရက်က ရန်ကုန်မြို့ LOTTE HOTELတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲက သိရသည်။

ရည်ရွယ်ချက်မှာ အရည်အသွေးကောင်းမွန်သော စိုက်ပျိုးရေးသုံး ပစ္စည်းများကိုအကျိုးရှိရှိအသုံးချနိုင်လာစေရန်၊လွယ်ကူလျင်မြန်ကောင်းမွန်စွာ အသုံးပြုနိုင်သော စက်ယန္တရားများကို အသုံးပြုပြီး လယ်ယာစိုက်ပျိုးရေးတွင် အကျိုးများစွာစထွန်းနိုင်လာစေရန်၊ ကမ္ဘာ့အဆင့်အတန်းမီသောတရုတ်နိုင်ငံထုတ်စိုက်ပျိုးရေးသုံးပစ္စည်းများဖြင့် မြန်မာပြည်ကပျိုးရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာ စေရန် ဖြစ် ကြောင်း သိရသည်။

အဆိုပါပြပွဲတွင်တရုတ်နိုင်ငံမှ ရောင်းအားအကောင်းဆုံး နှင့် ISO လက်မှတ်များရရှိထားသော ကုမ္ပဏီ(၅၀) ကျော်မှပါဝင်ပြသ သွားမည်ဖြစ်ကြောင်း၊ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးမှိုသတ်ဆေး၊ ပိုးသတ်ဆေးဖြန်းစက် အပြင် ဆေးဖြန်း DRONEများ နှင့် ပါကင်ထုတ်စက်များ၊ကျောက်ပွင့်မြေသြဇာ၊ ဓာတ်မြေသြဇာနှင့် အခြားဖြည့်စွက်ပစ္စည်းများ၊ သဘာဝအော်ဂဲနစ် ဓါတ်မြေသြဇာနှင့် ရွက်ဖြန်းမြေဩဇာ၊ အပင်ကြီးထွားအောင် ထိန်းချုပ်သော ကိရိယာ၊အခြောက်ခံစက်၊အမှုန့်ကြိတ်စက်နှင့်လယ်ယာသုံးစက်ပစ္စည်းများကို ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြပွဲကို တက်ရောက်လာတဲ့သူတွေထဲက တစ်နေ့မှာ ကံထူးရှင် (၁) ဦးရွေးချယ်မှာ ဖြစ်တယ်။သုံးရက်မှာ ရွေးချယ်မယ့် ကံထူးရှင် စုစုပေါင်း(၃)ဦးကိုထော်လာဂျီသုံးစီးကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်”ဟု CREATION STRENGTH ကုမ္ပဏီမှ MANAGING DIRECTORဦးစိုးလှိုင်က ပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့စိုက်ပျိုးရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊ညွှန်ကြားရေးမှူးဦးကျော်ကျော်၊စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှုး ဦးသောင်းထိုက်တို့လည်းတက်ရောက်ခဲ့ကြသည်။



Comments