ရန်ကုန်တိုင်းတန်ဆောင်တိုင်ပွဲတော်တွင်တေးသံရှင်များစွာမှဖျော်ဖြေမှုများပြုလုပ်သွားမည်

ရန်ကုန်တိုင်းတန်ဆောင်တိုင်ပွဲတော်တွင်တေးသံရှင်များစွာမှဖျော်ဖြေမှုများစွာပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာလ(၁၀) ရက်နေ့ မှ (၁၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ့် “ ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော် ” ကို ရန်ကုန်မြို့တော်ခန်းမရှေ့ ၊ မဟာဗန္ဓုလပန်းခြံမှာ ညနေ(၅)နာရီမှ စတင်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

နိုဝင်ဘာလ(၁၀)ရက်နေ့တနင်္ဂနွေနေ့မှာတော့နိုင်ငံကျော်တေးသံရှင်များဖြစ်တဲ့ ဟဲလေး၊ အောင်ထက်၊ မိစန္ဒီ ၊ ဝိုင်းလေး ၊ ဆိုဖီယာ(Averest) တို့ကဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပြီးနိုဝင်ဘာလ(၁၁) ရက်တနင်္လာနေ့မှာတော့ နိုင်ငံကျော်တေးသံရှင်များဖြစ်တဲ့ ရဲလေး၊ ဝေကြီး၊ လွှမ်းပိုင်၊ ရတနာမိုင်တို့ကဖျော်ဖြေတင်ဆက်ပေးသွားမယ့်အပြင် Hear and N၀w (Dancer) အကအလှများ ၊ ဇွဲအငြိမ့်၏ ရယ်မောပျော်ရွှင်ဖွယ် ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။

ထို့အပြင်Myanmar's Got Talent 2017 Top Ten Finalist Magician တစ်ဦးဖြစ်တဲ့ Aces Phyoe Magician မှ မျက်လှည့်ပညာရှင် Aces Phyoe Magician ရဲ့ ရင်သပ်ရှုမောဖွယ် အမိုက်စား မျက်လှည့်ပြကွက်များကိုပြသသွားမည်ဖြစ်ပြီးSunday မိသားစုမှSunday ဆိုင်ဖျော်လက်ဖက်ရည် နှင့် ဆီထမင်းကို စတုဒီသာအလှူအဖြစ် ကျွေးမွေးဧည့်ခံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။


Comments