တရားမျှတနေ့စဉ်ဘ၀ အနုပညာပြပွဲကျင်းပမည်

တရားမျှတနေ့စဉ်ဘဝအနုပညာပြပွဲကိုနိုဝင်ဘာလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ၊- နံနက် ၁၀ နာရီမှ ည ၇ နာရီအထိအမှတ် ၇၇ - ၉၁ ၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိOld Tourist Burmaအဆောက်အအုံ(မဟာဗန္ဓုလပန်းခြံနှင့်မျက်နှာချင်းဆိုင်)တွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံတွင် တရားမျှတမှုကို ဘယ်လိုမြင်ပါသလဲဆိုတဲ့အဓကဦးတည်းချက်တစ်ခုနှင့်ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးပြီး ဗြိတိသျှကောင်စီမှ မိတ်ဖက်အဖွဲ့ ၅၀ ကျော်နှင့်အတူ လက်တွဲအကောင်အထည်ဖော်  ဆောင်ရွက်သော MyJustice စီမံကိန်း ၄-နှစ်ပြည့် အထိမ်းအမှတ်အနေနှင့်   တရားမျှတ နေ့စဉ်ဘ၀ အနုပညာပြပွဲကို ရန်ကုန်မြို့ မှာကျင်းပခြင်းဖြစ်ပါတယ်။

ယခုပွဲမှာတော့တရားမျှတမှု၏ ဖွင့်ဆိုချက်နှင့် တစ်ဦးချင်း၏ အခန်းကဏ္ဍကို ဖော်ညွန်းသော ပန်းချီ၊ ရုပ်ရှင်၊ ဇာတ်လမ်းများကို တင်ဆက်သွားမှာဖြစ်ပါတယ်။


အနုပညာပြပွဲမှာPlatform နှင့် Bridge မှ ရိုက်ကူးသော လူထုတွင်းမှ တရားမျှတမှုအကြောင်း ဇာတ်လမ်းတို၊ Tea Animation နှင့် Bridge တို့မှ ဖန်တီးသော အမျိုးသမီးနှင့် တရားမျှတမှုဆိုင်ရာ ဖြစ်ရပ်မှန် အယ်နီမေးရှင်းဇာတ်လမ်းတို၊ Thet Htoo | Thi Ha Zaw| Aung Kyaw Kyaw တို့၏ ဓာတ်ပုံများလည်း ပြသသွားမည်ဖြစ်ပါသည်။

Myanm/art မှ စုစည်းပြသပြီး Bridge မှ ပြပွဲဒီဇိုင်းကို တာဝန်ယူထားပြီးပန်းချီ | ရုပ်ရှင် | ဇာတ်လမ်း အနုပညာပြပွဲ ၊ ၀င်ကြေးအခမဲ့ နဲ့ဝင်ရောက်ကြည့်ရှုလေပလာနိုင်မှာဖြစ်ပါတယ်။

MyJustice စီမံကိန်းသည် မြန်မာနိုင်ငံရပ်ရွာလူထုအတွက် အမှုအခင်း၊ အငြင်းပွားမှုများကို သာတူညီမျှစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပံ့ပိုးပေးနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီးရပ်ရွာအခြေပြုအဖွဲ့များနှင့် လက်တွဲကာ ဝင်ငွေနည်းပြီး တရားမျှတမှုကို လက်လှမ်းမီနိုင်စွမ်းနည်းသူများအတွက် အမှုအခင်း/အငြင်းပွားမှုကို တရားမျှတစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။



Comments