ဟန်ဆောင်မှုမရှိအားပေးတဲ့နယ်ပရိတ်သတ်တေအကြောင်းပြောပြခဲ့တဲ့အဆိုတော် ဗီဗာဟိန်း




နယ်ကပရိတ်သတ်တွေအားပေးမှုကပွင့်ပွင့်လင်းလင်းနဲ့ဟန်ဆောင်မှုမရှိတဲ့အကြောင်းကိုတော့အဆိုတော်ဗီဗာဟိန်းကပြောပြခဲ့ပါတယ်။
ကလေးအသံလေးနဲ့သီချင်းသီဆိုတဲ့အချိန်ကတည်းကပရိတ်သတ်ရဲ့အားပေးမှုကိုရရှိခဲ့ပြီးလက်ရှိချိန်ထိလည်းဖျော်ဖြေပွဲတွေမှာပရိတ်သတ်ကအားပေးမှုကိုရရှိထားတဲ့အဆိုတော်ဗီဗာဟိန်းရဲ့သီချင်းတွေကိုတော့အလှုပွဲတွေမှာအမြဲကြားနေရတဲ့သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။
"နယ်ပရိသတ်တွေက အားပေးရင်ဟန်ဆောင်မှုမရှိဘူး အပြတ်ကိုသောင်းကြမ်းတယ်။ တချို့ပွဲတွေဆိုဆရာတော်ဘုန်းကြီးတွေကထိန်းတယ်လေ ဘယ်လောက်ပဲလုံခြုံရေးတွေ ချထားချထား သံဆူးကြိုးတွေချထားချထား ခေါက်းကိုအခေါက်ခံပြီး ရအောင်သောင်းကြမ်းတယ် အားပေးကြတယ်။ သူတို့ကအနုပညာရှင်တွေကို လက်ကလေးကိုင်လိုက်ရမှဝမ်းသာကြတယ်။ ဒါကမိန်းကလေးတစ်ယောက်ကို ထိချင်ကိုင်ချင်တဲ့ တဏှာရာဂစိတ်နဲ့မဟုတ်ဘူး။ အနုပညာရှင်တွေကို ချစ်တဲ့စိတ်နဲ့ပါ။ ဒါကြောင့် ကိုယ်ါကိုသူတို့ ပန်းသီးပဲလာပေးပေး ဇီးသီးပဲလာပေးပေး ဘာပဲလာပေးပေးယူလိုက်တယ်။ တချို့ကြတော့လည်း သီချင်းဆိုရင်းမောမှာဆိုးလို့ အအေးဘူးလေးတွေလိုက်တိုက်တယ် ဆုတွေလည်းချကြတယ်။ အဲဒီလိုသူတို့ပေးသမျှကိုယ်ကယူပေးတယ် သူတို့ကလည်းကိုယ့်လက်လေးပြန်ကိုင်ပြီးကြည်နူးနေတက်ကြတယ်။ အဲဒီလိုလေးတွေမြင်ရတဲ့အခါ ကိုယ်ကပိုပြီးဝမ်းသာပီတိဖြစ်ရပါတယ်။"ဟုအဆိုတော်ဗီဗာဟိန်းကပြောပါတယ်။
လက်ရှိမှာလည်းသီချင်းခွေအသစ်ထွက်ရှိဖို့လုပ်နေပြီးစီးရီးအတွက်သီချင်းလုက်နေတာရှစ်ပုဒ်ပြီးသွားပြီးနှစ်ပုဒ်လောက်ပဲကျန်တော့တဲ့အတွက်ပရိတ်သတ်လက်ထဲကိုမကြာခင်အရောက်ထည့်ပေးဖို့လုပ်နေတယ်လို့လည်းသိရပါတယ်။
စီးရီးအသစ်မှာပါဝင်မယ့်သီချင်းလေးတွေနဲ့ပတ်သတ်လို့လည်း"ဒီအခွေမှာတော့ အနှစ်သာရရှိတဲ့သီချင်းလေးတွေကို အဖေဆိုတုန်းကဗားရှင်းတစ်မျိုး သမီးဆိုတော့ နောက်ဗာရှင်းတစ်မျိုးပုံစံလေးပြောင်းဆိုထားတာပါ။ Remix ပုံစံမျိုးကတော့ တစ်ပုဒ်နှစ်ပုဒ်လောက်ပဲ ပါမယ်။ အရင်အခွေလိုမျိုး Remix သီချင်းတွေချည့်ပဲ သီးသန့်ထွက်ဖို့ရှိပါတယ် အဲဒါတွေကနောက်မကြာမီ လာပါမယ်"လို့လည်းပြောခဲ့ပါတယ်။
စင်ပေါ်မှာ ဖျော်ဖြေတဲ့အခါမျိုးတွေမှာတော့အဆိုအများဆုံးနဲ့မပါမဖြစ်သီဆိုဖြစ်တာကတော့''ကိုကြီးကျော်''၊ ''တောင်ပြုံး''နဲ့ ''ဘူးသီးမှအရီးလာမတော်နဲ့''၊ ''ဗျို့ဟစ်သံ'' သီချင်းတွေကိုအများဆုံးသီဆိုဖြစ်နေတယ်လို့လည်းသိရပါတယ်။

Comments