AYA Mobile Banking2.0Appကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့်စတင်အသုံးပြုနိုင်မည်

လုံခြုံစိတ်ချရပြီး၊ လွယ်ကူလျင်မြန်စွာ ဘဏ္ဍာရေးလုပ်ဆောင် ချက်များကို အချိန်နေရာမရွေး ဆောင်ရွက်နိုင်စေမယ့် AYA Mobile Banking 2.0 App အသစ်ကို မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ ၂၀၁၉ အောက်တိုဘာ ၃၁ ရက်နေ့မှစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းဧရာဝတီဘဏ်၏နိုဝင်ဘာလ၁ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။


ဧရာဝတီဘဏ်ငွေစာရင်းပိုင်ရှင်များအနေဖြင့် AYA mobile banking 2.0 ကို ဖုန်း မှတဆင့် (၂၄) နာရီကာလပတ်လုံး အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန် လူသုံးများသည့် Features များလည်း Version အသစ်တွင်ပါဝင်လာပြီဖြစ်သည်။

AYA Mobile Banking 2.0 Application တွင် ပါဝင်သော Features အသစ်များထဲတွင် လုံခြုံ မှုမြင့်မားသော Biometric Login စနစ်ဖြင့် (Face ID, Touch ID) သည် အခြားသူများ အလွယ်တကူအသုံးမပြုနိုင်ရန် အ ပြည့်အဝ ကာကွယ်ပေးမှု၊ ATM Withdrawal စနစ်တွင် AYA ATM စက်မှ Card မပါပဲ ငွေထုတ်ယူနိုင်ခြင်း၊ Online Bill Payment စနစ်ဖြစ်သော လစဉ်ပုံမှန်ပေးသွင်းရန် လိုအပ်သော Bill များအား ပေးဆောင်နိုင်ခြင်း၊ Fast Pay ဝန်ဆောင်မှု ဖြင့် ကြိုတင်စာရင်း ပြုလုပ်ထားပြီး ငွေလွှဲဝန်ဆောင်မှုများအား လုပ်ဆောင်နိုင်ခြင်း၊ Messenger ကဲ့သို့ Social Media Application မှတဆင့် ငွေလွှဲရန် QR စနစ် ဖြင့် လွယ်ကူအဆင်ပြေစွာ လွှဲယူတောင်းခံနိုင်ခြင်း စသည့် ဝန်ဆောင်မှုများကို ရရှိနိုင်ပြီဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုများ ရယူရန်အတွက် သီးသန့်အချိန်ပေးရန်မလိုဘဲ ဘဏ်ပိတ်ရက်များတွင်ဖြစ်စေ၊ မအားလပ်၍ ဘဏ်သို့သီးသန့်မသွားနိုင်သည်ဖြစ်စေ၊ ခရီးသွားလာနေရသည့်အတွက် အဝေးသို့ရောက်ရှိနေသည်ဖြစ်စေ AYA Mobile Banking ဝန်ဆောင်မှုကို အသုံပြုခြင်းအားဖြင့် နေ့စဉ်ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို အချိန်နှင့်တ ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။


AYA Mobile Banking 2.0 Application တွင် လက်တစ်ဖက်တည်းဖြင့် လွယ်ကူ ရိုးရှင်းစွာ အသုံးပြုနိုင်စေမည့် Quick Menu ၊ လွယ်ကူမြန်ဆန်သော ငွေပေးချေမှု Faster Payment ၊ ဝန်ဆောင်မှုစုံလင်ပြီး ရိုးရှင်းလွယ်ကူသော Main Menu များလည်းပါဝင်မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုအသစ်နဲ့ ပတ်သက်ပြီး AYA Mobile Banking App ၏ တာဝန်ရှိသူတစ်ဦးမှလည်း “အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေက အမြဲတမ်းပြောင်းလဲ တိုးတက်နေတာပါ။ ဒီအရာတွေကို AYA Bank အနေနဲ့ အမြဲတမ်းအ လေးထားသလို သုတေသနတွေ မပြတ်ပြုလုပ်နေပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားလျက်ရှိပါတယ်။ အခု App 2.0 အနေ နဲ့ ပိုမိုကောင်းမွန်လာတဲ့ Features တွေနဲ့အတူ အသုံးပြုသူတွေအတွက် အဆင်ပြေတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်လာဖို့ အား ထုတ်ထားပါတယ်။ နောက်ပြီး ပိုမိုကျယ်ပြန့်လာတဲ့ ဝန်ဆောင်မှုအနေနဲ့ရော၊ ခေတ်ရဲ့ပြောင်းလဲလာမှုအတွက်ပါ ရည်ရွယ် ပြီး English/Myanmar (၂)မျိုးလုံးနဲ့ပါ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ ကြိုးစားထားတာတွေကတော့ အများကြီးပါပဲ။ အားလုံး နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဦးမျိုးဝင်းရီ (အကြီးတန်းအထွေထွေမန်နေဂျာ) ပြောကြားခဲ့ပါသည်။

AYA Mobile Banking 2.0 အသစ်ကို ဧရာဝတီဘဏ်ခွဲတိုင်းတွင် ဘဏ်စာရင်းသစ်ဖွင့်လှစ်ခြင်းနှင့်အတူ အခမဲ့လျှောက် ထားနိုင်သလို iOS ဖုန်းများအတွက် Apple App Store နှင့် Android Play Store တို့မှလည်း အလွယ်တကူ Download ရ ယူအသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းအင်တာနက် အသုံးပြုနိုင်သည့်နေရာအားလုံးတွင် အသုံပြုနိုင်ရန် စီစဉ်ထားကြောင်းလည်းသိရသည်။

Comments