လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးကိုWonder Festival ပွဲတွင်Outdoor Cinemaဖြင့်ပြသမည်




လိပ်ပြာစံအိမ် (The Only Mom )ရုပ်ရှင်ကားကြီးကို ရန်ကုန်တွင် ကျင်းပမည့်Wonder Festival Yangon ပွဲတော်ကြီးတွင်နိုဝင်ဘာလ (၃) ရက်နေ့၌Outdoor Cinema ဖြင့် ပြသသွားမှာဖြစ်ပါတယ်။
လိပ်ပြာစံအိမ်ဇာတ်ကားကို၂၀၁၉ခုနှစ်၂ လပိုင်းတွင်
မြန်မာနိုင်ငံအပြင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ အစရှိတဲ့နိုင်ငံပေါင်း ၁၃နိုင်ငံမှာလည်းပြသခဲ့တာဖြစ်ပါတယ်။
လိပ်ပြာစံအိမ်ဇာတ်ကားကို ပြန်ကြည့်ရှုချင်တဲ့ပရိသတ်တွေနဲ့ မကြည့်ဖြစ်လိုက်လို့ ဘယ်မှာပြသဦးမှာလဲမေးနေတဲ့ ပရိသတ်များအတွက် ရန်ကုန်မြို့၊ Thuwunnabhumi Event Park မှာကျင်းပမယ့် Wonder Festival Yangon ပွဲမှာOutdoor Cinema ဖြင့်ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ကြောက်မက်ဖွယ်သရဲကားအပြင်ရိုးရာနတ်ယုံကြည်မှုများကိုပါထည့်သွင်းရိုက်ကူးထားပြီးဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင် Brave Empire Entertainment ရဲ့ပထမဦးဆုံးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားတစ် ကားဖြစ်ရာထိုင်းဒါရိုက်တာ - Chartchai Ketnust သရုပ်ဆောင်နိုင်းနိုင်း ၊ ဒေါင်း ၊ ၀တ်မှုန်ရွှေရည်ကလေးသရုပ်ဆောင်ပြည့်ပြည့်နဲ့တုံတုံတို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Comments