'The Thanlwin: The Last Undammed River' ရုပ်ရှင်ပြသခြင်းနှင့် စကားဝိုင်းကျင်းပမည်

The Thanlwin: The Last Undammed River' ရုပ်ရှင်ပြသခြင်းနှင့် စကားဝိုင်းကို အောက်တိုဘာလ ၁၅ရက် (အင်္ဂါနေ့) ညနေ ၅:၃၀ မှ ၇:၃၀ထိရန်ကုန်မြို့ကျောက်တံတားမြို့နယ်ကမ်းနားလမ်းရှိ ထိဗြိတိသျှကောင်စီ စာကြည့်တိုက် တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

The Thanlwin: The Last Undammed River' မှတ်တမ်းရုပ်ရှင်တိုတွင် လွတ်လပ်စွာစီးဆင်းသည့်သံလွင်မြစ်၏အကျိုးကျေးဇူးများဖြစ်သည့် ကောင်းမွန်သော မြေသြဇာမြေဆီလွှာ၊ ပေါများသည့်ငါးလုပ်ငန်း၊ အစားအစာလုံခြုံမှုနှင့် အသက်မွေးဝမ်းကျောင်းနှင့်ခရီးသွားလုပ်ငန်း အခွင့်အလမ်းတို့နှင့် မြန်မာ့စွမ်းအင်ဖွံ့ဖြိုးရေးအတွက်အရေးပါသည်ဟုယူဆသည့် မြစ်စီးဆင်းမှုကိုရေကာတာဖြင့်ပိတ်ဆို့ကာ ရင်းနှီးမြှုပ်နှံရန်နှင့်ရေအားလျှပ်စစ်ထုတ်လုပ်ရန်ဖိအားတို့အကြားတွင် ဖြစ်ပေါ်သည့်ပွတ်တိုက်မှုများအကြောင်းကို စူးစမ်းလေ့လာထားသည်။

မှတ်တမ်းရုပ်ရှင်ပြသပြီးချိန်တွင် Sai Khur Hseng (Action for Shan State Rivers) နှင့် Saw Tha Poe (Karen Rivers Watch) တို့ဦးဆောင်သော စကားဝိုင်းအစီအစဉ်ကို ပြုလုပ်မည်ဖြစ်သည်။

ဆွေးနွေးမှုများကို မြန်မာဘာသာဖြင့် ပြုလုပ်မည်ဖြစ်ပြီးဆက်စပ်အကြောင်းအရာများကို တက်ရောက်လာမည့်ပရိသတ်နှင့်အတူ ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။

Comments