"အခမ်းနားဆုံးမေတ္တာ"ရုပ်ရှင်ဇာတ်ကား Red Carpet Showပြသ

"အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကား Red carpet Show အခမ်းအနားကို အောက်တိုဘာလ (၉) ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Kantharyar Center ရှိ JCGV ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့သည်။

Red Carpet Showအခမ်းအနားတွင်တေးသံရှင် နီနီခင်ဇော် ၊ အုပ်စိုးခန်နဲ့ ကေကေမိုးတို့တေးသီချင်းများသီဆိုဖျော်ဖြေတင်ဆက်ခဲ့သည်။

ယခုဇာတ်ကားတွင်ဝါရင့်သရုပ်ဆောင်နေတိုးနှင့်အနုပညာလောကသို့ဝင်ရောက်မှုအနည်းငယ်သာရှိသော်လည်းပရိတ်သတ်အခိုင်အမာရရှိထားသူနေခြည်ဦးတို့၏အဓိကသရုပ်ဆောင်ထားချက်များကိုတွေ့မြင်ကြရမှာဖြစ်သည်။

7thSenseFilmProductionမှထုတ်လုပ်ထားသောယခုဇာတ်ကားကို
ဇာတ်လမ်း ဇာတ်ညွန်း - မိုးနီလွင် ၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးပုံဖော်ထားပြီး နေတိုး ၊ ရဲအောင် ၊ သူရိယ ၊ တိုင်ရွန် ၊ နေခြည်ဦး ၊ စိုးမြဆ်သူဇာ ၊ မေဘရဏီသော်နဲ့အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြသည်။

"အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးကိုအောက်တိုဘာလ (၁၇) ရက်နေ့မှစတင်ကာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံများတွင်ရုံတင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

Comments