OPPO Reno2 | 2F စမတ်ဖုန်းအသစ်များကို ပြည်တွင်းတွင် တရားဝင်မိတ်ဆက်

OPPO မှ “Quad Camera, Zoom into Imagination” ခေါင်းစဉ်ဖြင့် OPPO Reno2 | 2F စမတ်ဖုန်းများကို ရန်ကုန်မြို့၊ Melia Hotel Yangon တွင် အောက်တိုဘာ ၂၄ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပသည်။

5x Hybrid Zoom, 20x Digital Zoom, Ultra Dark Mode  နှင့် Ultra Steady Video တို့ပါဝင်သော OPPO Reno2 | 2F စမတ်ဖုန်း မိတ်ဆက်ပွဲကို OPPO ၏ Brand Ambassador များဖြစ်သော ပိုင်ဖြိုးသု၊ ပိုင်တံခွန်တို့နှင့်အတူ KOLs များဖြစ်ကြသော အဆိုတော်လွှမ်းပိုင် (Streamer Bo Paing Gyi) ၊ သရုပ်ဆောင် ကျော်ထက်ဇော်၊ ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ မော်ဒယ် ဘုန်းသီရိကျော်၊ ယမင်းမေဦးနှင့် သဇင်ထူးမြင့်၊ OPPO Myanmarမှတာဝန်ရှိသူများ၊Ofanများ၊သတင်းမီဒီယာများရှေ့တွင် ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။

Reno2 နှင့် Reno2 F စမတ်ဖုန်းများသည် အသုံးပြုသူကို နောက်ဆုံးပေါ် ဓာတ်ပုံနှင့် ဗီဒီယိုများအသုံးပြုကာ အကန့်သတ်မဲ့ ဖန်တီးနိုင်စွမ်းကိုပေးစွမ်းနိုင်ရန်အတွင်ရည်ရွယ်ထုတ်လုပ်ပေးလိုက်ခြင်း ဖြစ်သည်ဟုသိရသည်။
 
အသစ်မိတ်ဆက်ပေးလိုက်သော Reno2 ကိုခမ်းနားကျော့ရှင်းသော Luminous Black နှင့် ပင်လယ်သမုဒ္ဒရာများ၏ ထူးခြားသိမ်မွေ့သော အရောင် Ocean Blue တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ (၇၉၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း၊ Reno2 F ကို ဂန္ထဝင်ဆန်သော Sky White နှင့် စိမ်းစိုတောက်ပသည့် Lake Green တို့ဖြင့်ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ (၅၂၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း အသီးသီးရရှိနိုင်မည်ဖြစ်ပြီးစမတ်ဖုန်းနှစ်မျိုးလုံးကို အောက်တိုဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ကာ နိုဝင်ဘာလ (၂) ရက်နေ့မှ စတင်၍ပြည်တွင်းတွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 ကြိုတင်မှာယူသူများအတွက် မေတ္တာလက်ဆောင်အဖြစ် OPPO ခရီးဆောင်အိတ်များကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။












Comments