Omega Hair &Beauty,Healthဆိုင်၏ဂျပန်ရိုးရာကုထုံးခေတ်မှီနည်းပညာမိတ်ဆက်Beauty lnfluencer Johanna

Omega Hair&Beauty , Heath ဆိုင်​၏ဂျပန်​ရိုးရာကုထုံးကို ​ခေတ်​မှီနည်းပညာများဖြင့်​ တီထွင်​ဖန်​တီးထား​သောElectroTreatment System
ကို မြန်​မာနိုင်​ငံ၌ ပထမဆုံးစတင်​ မိတ်​ဆက်​သည့်​အခမ်းအနားကို ​အောက်​တိုဘာလ ၅ ရက်​​နေ့က
Omega Hair&Beauty , Heath ဆိုင်​တည်​ရှိရာ
အမှတ်​ 81(A,B)၊ ရတနာလမ်း၊ရတနာလမ်း၊(၈)ရပ်​ကွက်​၊​တေင်​ဥက္ကလာကမြို့နယ်​တွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။

၎င်းElectroTreatment System သည်​ ဂျပန်​နိုင်​ငံ၏ ​နောက်​ဆုံး​ပေါ် နည်းပညာဖြစ်​ပြီး ဂျပန်​နိုင်​ငံနှင့်
တရုတ်​နိုင်​ငံတွင်​ခေတ်စားသည့်Treatment တစ်​ခုဖြစ်​သည်​။

အဆိုပါ ElectroTreatment System သည်​ ခန္ဓာကိုယ်​အတွင်းပိုင်းရှိ ကြွက်​သားများကို ​ပျော့​ပြောင်းသွား​အောင်​ လျှပ်​စစ်​ဓာတ်​လွှတ်​၍ လက်​ဖြင့်​နှိပ်​နယ်​​ပေးရ​သော ကုထုံးဖြစ်​ပြီးယခုပွဲတွင်Beauty lnfluencer JohannaမှElectroTreatmentပြုလုပ်ထားသည့်ကောင်းကျိုးများကိုပြန်လည်မျှဝေခဲ့သည်။

Treatmentကို ပြုလုပ်​​ပေးခြင်းအား
ဖြင့် မျက်​နှာ၊ ဗိုက်​နှင့်​ ​ခြေ​ထောက်​များရှိ ​လျော့တွဲ
နေ​သော ကြွက်​သားများ ပြန်​လည်​တင်းရင်းလာပြီး
အချိန်​တိုအတွင်း ငယ်​ရွယ်​နုပျိုမှုကို ပြန်​လည်​ရရှိ
လာမည်​ဖြစ်​သည်​။

ပုံမှန်ခန္ဓာကိုယ်ရှိသူများ ​နေဖြင့်Treatmentကိုတစ်ကြိမ်မျှခံယူရုံဖြင့်သိသာစွာ ​ပြောင်းလဲ လှပလာမည်​ဖြစ်​ပြီးခန္ဓာကိုယ် အနည်းငယ်​ ဝသူများအ​နေဖြင့်​ မိမိလိုချင်​သည့်​ ခန္ဓာကိုယ်​ အ​နေအထား​ရောက်​​အောင်​ တစ်​ပတ်​ကို၅ ကြိမ်​မှ ၆ ကြိမ်​အထိ ပြုလုပ်​​ပေးခြင်းဖြင့်​ သိသာသော အကျိုးရလဒ်​ များ ရရှိလာမည်​ဖြစ်​သည်​။

ElectroTreatmentSystemခံယူမည်သူများသည်​-Treatment မလုပ်​ခင်​အချိန်​ ၁ နာရီအတွင်းအစားမစားထားလျှင်​ ပို၍ထိ​ရောက်​မှုရှိပြီးမျက်​နှာTreatment ခံယူမည့်​သူများအ​နေဖြင့်​လည်း Cleansing ပြုလုပ်​ထား​သော မျက်​နှာဖြင့်
သာ Treatment ခံယူသင့်​ကြောင်းအ​ရေပြား​ရောဂါရှိသူများ ၊ နှလုံးစက်​တပ်​ထားသူများ ၊ကိုယ်​ဝန်ရှိသူများခြောက်လအတွင်းခွဲစိတ်မှုခံယူထားသူများမပြုလုပ်သင့်ကြောင်းဂျပန်နိုင်ငံမှပညာရှင်မှပြောပြခဲ့သည်။

Comments