Now and Ever(ထာဝရနှောင်ကြိုး)အောက်တိုဘာ၃၁ရက်နေ့တွင်ရုံတင်ပြသမည်

ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးပုံဖော်ထားသည့်Now and Ever(ထာဝရနှောင်ကြိုး)ရုပ်ရှင်ဇာတ်ကားကြီးကိုအောက်တိုဘာလ၃၁ရက်နေ့မှာရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်။

ခီမောင်နှံရဲ့တတိယမြောက်ကျိုးစားအားထုတ်မှုဖြစ်တဲ့ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးမှာလည်းဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ကြည့်ရှုရမလဲလို့ပရိတ်သတ်ကလည်းစိတ်ဝင်တစားနဲ့စောင့်မျှော်နေတာဖြစ်ပါတယ်။

ယခုဇာတ်ကားမှာလည်းအဓိကသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့မင်းသားဇာဏ်ခီးနဲ့မင်းသမီးပိုင်ဖြိုးသုတို့ရဲ့ယခင်ကားတွေနဲ့မတူတဲ့သရုပ်ဆောင်မှုတွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။

ထာဝရနှောင်ကြိုးရုပ်ရှင် ဇာတ်ကားကြီးမှာယခင်ဇာတ်ကားနှစ်ကားနှင့်ကွဲပြားစွာအချစ်ဇာတ်လမ်းအပြင်ဆေးပညာနှင့်ဆိုင်သောဇာတ်လမ်းဇာတ်အိမ်များပါဝင်သည့်အတွက်ဇာတ်လမ်း ဇာတ်ညွှန်းအား ရေးသားနေစဉ်တွင် ဇာတ်ညွှန်းနှင့် သက်ဆိုင်သော ဆေးပညာရပ်များအား ဆေးပညာရှင်များထံမှ အကူအညီများရယူခဲ့တယ်လို့သိရပါတယ်။

ဇာတ်လမ်းအတွက်လိုအပ်သည်များကိုဆရာဝန်ကြီးများနှင့်ဆေးပညာရပ်နှင့်အတူ character နှင့်သက်ဆိုင်သော စိတ်နေစိတ်ထား အနေအထိုင် အပြုအမူ အစရှိသည်တို့ကိုဆွေးနွေးခဲ့သည့်အပြင်လူနာများအားသွားရောက်လေ့လာခြင်း ဆေးရုံရှိဆရာဝန်များ၊ ဆေးပညာရှင်များနှင့်တွေ့ဆုံ ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုတော့ သရုပ်ဆောင်ဇဏ်ခီကိုယ်တိုင်ဇာတ်ညွှန်းရေးသားပေးခဲ့ပြီး၊ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်ထားရာသရုပ်ဆောင် တွေ အဖြစ် ဇဏ်ခီအပါအဝင် ပိုင်ဖြိုးသု၊ အောင်အောင်(မြင်းစိုင်းသား)၊ မင်းညို၊ ရဲနောင်ချို၊ ခင်သဇင်၊ ဂျူးဂျုးကေ၊ ဇူးဇူးဟန်နီထွေး နဲ့ တခြားသောအနုပညာရှင်များစွာကပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။

Comments