MytelPay မှ မိုးရွာတုန်းငွေခံ ကံစမ်းမဲအစီအစဉ်၏ စက်တင်ဘာလအတွက် အပတ်စဉ် နှင့် လစဉ် ကံထူးသူများကို ရွေးချယ်

MytelPay မှ မိုးရွာတုန်းငွေခံ ကံစမ်းမဲအစီအစဉ်၏ စက်တင်ဘာလအတွက် အပတ်စဉ် နှင့် လစဉ် ကံထူးသူများကို ရွေးချယ်ကြေငြာပေးခဲ့ပြီး MytelPay စတင်ခဲ့သည့် အချိန်မှစ၍ သုံးစွဲသူများ၏ အစဉ်တစိုက်အားပေးမှုများကို ပြန်လည်ကျေးဇူးတုံ့ပြန်သောအားဖြင့် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ ဆုကြေးငွေများ ကံစမ်းနိုင်မည့် အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်။

MytelPay မှ မိုးရွာတုန်းငွေခံ ကံစမ်းမဲအစီအစဉ်၏ စက်တင်ဘာလအတွက် အပတ်စဉ်ကံထူးသူများ နှင့် လစဉ်အထူးဆုကံထူးသူ တစ်ဦးကို MytelPay Facebook Page မှ Live ထုတ်လွှင့်ကာ ကံထူးသူများ၏ ဖုန်းနံပါတ်များ နှင့် Lucky ကုတ်နံပါတ်များကို ကျပန်းရွေးချယ်၍ ကြေငြာပေးခဲ့ကြောင်းသိရသည်။

အပတ်စဉ်ဆုမဲများဖြစ်သော ပထမဆု ကျပ် (၂) သိန်းဆု-၁ ဆု ၊ ဒုတိယဆု ကျပ် (၁) သိန်းဆု-၃ ဆု နှင့် တတိယဆု ကျပ် (၅) သောင်းဆု-၃ ဆု များ၏ ကံထူးသူအသီးသီးကို ဖုန်းဆက်အသိပေးကာ ကြေငြာပေးခဲ့ပြီးကျပ်(၁၀)သိန်း တန်ဖိုးရှိ လစဉ်အထူးဆုကြီးကို ချင်းပြည်နယ်၊ ဖနွမ်းမြို့နယ်မှ ကိုမင်းမော်ဟိန်း မှ ကံထူးသွားခဲ့ကြောင်းသိရသည်။

ထို့အပြင် Live Session ကို အားပေးကြည့်ရှုနေသူများ နှင့်လည်း မီနီဂိမ်းများကစားကာ E Money ဆုကြေးများလည်း ချီးမြှင့်ပေးခဲ့သည်။ မိုးရွာတုန်းငွေခံ အစီအစဉ်၏ ကံစမ်းမဲကာလမှာ စက်တင်ဘာလ ၁ ရက် ၂၀၁၉ မှ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၉ အထိ ဖြစ်ပြီး ယခုကဲ့သို့ Live Session မျိုး နောက်ထပ် ၂ ကြိမ်ထပ်မံ ပြုလုပ်ရန်ကျန်ရှိနေသေးသောကြောင့် MytelPay အသုံးပြုသောသူများ အနေဖြင့်လည်း နောက်လများတွင် ဝင်ရောက်ကံစမ်းခွင့်များ ကျန်ရှိနေ
သေးကြောင်းသိရသည်။


Comments