တရုတ်နိုင်ငံတွင်ကျင်းပမည့်Miss Global City 2019 ပြိုင်ပွဲကိုမြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်Missနန်းအေးမြသီတာသွားရောက်ယှဉ်ပြိုင်မည်
တရုတ်နိုင်ငံတွင်ကျင်းပမည့်Miss Global City 2019 ပြိုင်ပွဲကိုမြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်Missနန်းအေးမြသီတာသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
(၁၄ )ကြိမ်မြောက် Miss Global City 2019 ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးကိုအောက်တိုဘာလ ၂၀ရက်မှာ နိုဝင်ဘာလ ၂ရက်အထိ တရုတ်ပြည် Jinen မြို့မှာကျင်းပပြုလုပ်သွားမှာဖြစ်သည်။
ယခုပြိုင်ပွဲကို Miss Crystal Angel International Organization မှစေလွှတ်ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး၊ သူမကလည်းအကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမယ်လို့ သိရသည်။
အလှမယ်နန်းအေးမြသီတာအနေနဲ့ Miss Tourism Queen Of The World 2018 ၊Miss Asia Award Myanmar 2018 သရဖူများကိုလည်းရရှိထားဖူးတဲ့ အတွေ့အကြုံရှိတဲ့ အလှမယ် တစ်ဦးဖြစ်တဲ့အတွက် ထပ်မံအားပေးကြဖို့ကိုလည်း အဖွဲ့အစည်းကတိုက်တွန်းထားတာဖြစ်သည်။
သူမကတော့ Miss Global City 2018ရဲ့ ရည်ရွယ်ချက်နဲ့အညီမြန်မာ့အလှမယ်လေး နန်းအေးမြ သီတာရဲ့မွေးရပ်မြေတစ်ခုလည်းဖြစ်တဲ့ ရှမ်းပြည်နယ်ကို အဓိကထား ဖော်ဆောင်ကာ၊ မြန်မာ့ဂုဏ်ဆောင်အလှမယ်အဖြစ်ရပ်တည်ကာ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့လည်းသိရသည်။

Comments
Post a Comment