iPhone 11, 11 Proနှင့်11ProMaxတို့ကိုဈေးကွက်အတွင်းစတင်ဝယ်ယူနိုင်ပြီး အူရီဒူးVIPအစီအစဉ်တွင် iPhone11ကံထူးနိုင်သည့်အခွင့်အရေးပေးအပ်
အူရီဒူးသည်Apple၏နောက်ဆုံးပေါ်မိုဘိုင်းဟန်းဆက်များဖြစ်သော iPhone 11, iPhone 11 Pro နှင့် iPhone 11 Pro Max တို့ကို ယနေ့၂၀၁၉ခုနှစ် အောက်တိုဘာ၁၈ရက်တွင် ဈေးကွက်ထဲတွင် စတင်မိတ်ဆက်ပေးလိုက်သည်။
အဆိုပါဖုန်းများသည် နောက်ဆုံးပေါ် အဆင့်မြင့် iPhone များဖြစ်ပြီး iPhone 11 တွင် dual ကင်မရာ ပုံစံသစ်နှင့်အတူ အဆင့်မြင့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားကြောင်းသိရသည်။
အူရီဒူးနှင့် Apple တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် iPhone 11, iPhone 11 Pro နှင့် iPhone 11 Pro Max တို့ကိုမြန်မာပလာဇာ၊ ပန်းဆိုးတန်းနှင့်ဘုန်းကြီးလမ်းတို့ရှိအူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်ဟုသိရသည်။
ဒါ့အပြင် My Ooredoo App ရှိ အူရီဒူး VIP အစီအစဉ်တွင်လည်း iPhone11ကိုကံထူးနိုင်မည့်အခွင့်အလမ်းကိုပါပေးထားကြောင်း သိရသည်။

Comments
Post a Comment