ထိုင်းနှင့်ဗီယက်နမ်D.Jနှင့်Dancerများဖျော်ဖြေမည့် YGN Square Bar ဆိုင်သစ်သရုပ်ဆောင် သင်ဇာဝင့်ကျော်တက်ရောက် ဖွင့်လှစ်

ထိုင်းနှင့်ဗီယက်နမ်နိုင်ငံမှDancerများ၊DJများ၏တွဲဘက်ဖျော်ဖြေမှုများညစဉ်ပါဝင်မည့်YGNSquareBarဆိုင်သစ်ဖွင့်ပွဲကိုအောက်တိုဘာ ၄ ရက် ၊ည ရ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၊ဝေဇယန္တာလမ်းတွင်ကျင်းပရာနိုင်ငံကျော်သရုပ်ဆောင်သင်ဇာဝင့်ကျော် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

" ကျွန်တော်တို့သူငယ်ချင်းတွေစုပြီးYGN Squareကိုဖွင့်ဖြစ်တာပါ၊ ဆိုင်အခင်းအကျင်းကိုအချိန်ကာလ၂နှစ်နီးပါးအချိန်ယူပြင်ဆင်ခဲ့ရပါတယ်။ ဒီမှာ ထူးခြားတဲ့အစီစဉ်အနေနဲ့ ညစဉ်ထိုင်းနဲ့ဗီယက်နမ်က Dancerတွေနဲ့ထိုင်း၊ကိုရီးယားဒီဂျေတွေရဲ့တီးခတ်မှုတွေပေါင်းစပ်ပြီးဖျော်ဖြေတင်ဆက်သွားမှာပါ။အခါအားလျှော်စွာWorldWideမှာ နာမည်ကြီးတဲ့DJတွေကိုလည်းထပ်မံဖိတ်ခေါ်ဖို့စီစဉ်နေပါတယ်၊အဓိကအနေနဲ့YGNကိုလာရောက်ကြမယ့်Customerများစိတ်ပျော်ရွှင်လန်းဆန်းစွာ အပမ်းဖြေနိုင်ဖို့နဲ့ ဈေးနှုန်းကြီးမြင့်မှုမရှိပဲ Fair ဖြစ်စေဖို့ ကြိုးစားထားပါတယ် " ဟု YGN Square ၏ Founder တစ်ဦးဖြစ်သူ ဦးမင်းမောင်မောင်က ပြောကြားသည်။

အဆိုပါ YGN Square Bar မှ ဖျော်ဖြေရေးအစီအစဉ်များကို ညစဉ် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး စိတ်ပင်ပမ်းနွမ်းနယ်နေမှုများ ဖြေလျော့စေရန်နှင့်အပမ်းဖြေအနားယူနိုင်ရန် ရည်ရွယ်ကာ
Intertainment များ Performenceများ၊ sound Design မျာ၊ DiscoLightingများကိုအကောင်းဆုံးဖြည့်ဆည်းထားသည်။ဖျော်ဖြေရေးအစီအစဉ်၏အထူးအစီအစဉ်ကိုသောကြာ၊စနေ၊တနင်္ဂနေ့များတွင်ထူးခြားဆန်းသစ်သောတင်ဆက်မှုများပါဝင်မည်ဖြစ်ကြောင်းသိရသည်။






Comments