ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် DAKS ၏ ၁၂၅ နှစ် ပြည့်အတွက် မြန်မာနိုင်ငံ၏ ဖက်ရှင်စံပြ အိန္ဒြာကျော်ဇင်၊ သန္တာလှိုင်တို့နှင့် ဆင်နွှဲခဲ့

ကမ္ဘာကျော် ဗြိတိန်အခြေစိုက် တော်ဝင်ဇိမ်ခံဖက်ရှင် အမှတ်တံဆိပ် တစ်ခုဖြစ်သော DAKS Fashion သည်  ဗြိတိန်တော်ဝင်ခေတ်ကာလမှ စတင်ပြီး ခေတ်အဆက်ဆက် DAKS ၏ ခမ်းနားသော ဖက်ရှင်ယဉ်ကျေးမှု  ပြယုဂ်တစ်ခုကို မျိုးရိုးစဉ်ဆက် အောင်မြင်စွာလက်ဆင့်ကမ်းလာနိုင်ခဲ့သည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။
၂၀၁၉  ခုနှစ် ဇွန်လတွင် DAKS Fashion မှ ကမ္ဘာ့ဖက်ရှင်ဈေးကွက်ထဲတွင် ရပ်တည်နိုင်ခဲ့သည်မှာ ၁၂၅ နှစ်  ပြည့် ခဲ့ပြီဖြစ်သည်။ ထို ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို မြန်မာနိုင်ငံတွင်လည်း ဆင်နွှဲလိုသော ရည်ရွယ်ချက်ဖြင့် DAKS မှ မျိုးရိုးအစဉ်အဆက် အနုပညာအမွေအနှစ်ကို မိသားစုဝင်ကြား လက်ဆင့်ကမ်းခဲ့ကြသော အနုပညာရှင်များဖြစ်သည့် အိန္ဒြာကျော်ဇင်နှင့် တူမလေး မေတိုးခိုင်၊ သန္တာလှိုင်နှင့်  မောင်ဖြစ်သူ အဆိုတော် ဘာဘူတို့နှင့် DAKS  ၁၂၅ နှစ်ပြည့် အထိမ်းအမှတ် ကမ်ပိန်းအသစ်အတွက် ဓာတ်ပုံ ရိုက်ကူးခဲ့ကြ
ကြောင်းသိရသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်မှ တူမလေးဖြစ်သူ တက်သစ်စ သရုပ်ဆောင် မေတိုးခိုင်နှင့်အတူ DAKS Fashion ကမ်ပိန်းအစီအစဉ်တွင် ပါဝင်ဖြစ်ရခြင်းနှင့် စပ်လျဉ်း၍ “DAKS အမှတ်တံဆိပ်အတွက် Photo-Shoot လေး လုပ်ဖြစ်ခဲ့ပါတယ်။ ဒီ ရိုက်ကွင်းလေးကတော့ အူဝဲတူမလေး မေတိုးခိုင်နဲ့ အတူတူ ရိုက်ကူး ဖြစ်ခဲ့တဲ့ အတွက် ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ DAKS အဝတ်အစားတွေကလည်း ဒီလို ရာသီဥတုအတွက် အရမ်းသက်သောင့်သက်သာဖြစ်တယ်။ DAKS လို ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုရဲ့ ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်အစီအစဉ်မှာ ပါဝင်ခွင့်ရတာ အူဝဲအတွက် ဂုဏ်ယူစရာပါ” ဟု ပြောကြားသည်။

“အစီအစဉ်ကတော့ ကျွန်မရဲ့မောင်လေး ဘာဘူနဲ့အတူ DAKS အဝတ်အစား အမှတ်တံဆိပ်အတွက် ဓာတ်ပုံ ရိုက်ကွင်းလေး ရိုက်ဖြစ်ပါတယ်။ DAKS ၁၂၅ နှစ်ပြည့် ကမ်ပိန်းရဲ့ အဓိက အနှစ်သာရကတော့ အမွေအနှစ်ပါ။ အရင်ထဲက ခေတ်အဆက်ဆက် ဖက်ရှင်အမွေအနှစ်ကို မီးမောင်းထိုးပြချင်တာပေါ့။ မြန်မာလူမျိုးတွေအတွက် မိသားစုဆိုတာ အမွေအနှစ် ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ အမှတ်တံဆိပ်အကြောင်းကို မြန်မာနိုင်ငံက လူတွေကို သိစေချင်တယ်” ဟု သန္တာလှိုင်က ပြောကြားခဲ့သည်။

DAKS ကမ်ပိန်း ဓာတ်ပုံရိုက်ကွင်းကို ရန်ကုန်မြို့ ဆရာစံလမ်းမှာ တည်ရှိသော Le Planteur Restaurant & Lounge စားသောက်ဆိုင်၏ ပန်းခြံအတွင်း ရိုက်ကူးခဲ့
ကြောင်းသိရသည်။





Comments