စီးကူးဝန်ကြီးဌာန၏အာဏာအလွဲသုံးစားမှုအပေါ်တရားစွဲဆိုသွားရန်သတင်းစာရှင်းလင်းပွဲပြုလုပ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အာဏာအလွဲသုံးစားလုပ်ဆောင်မှုအပေါ်တွင်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်နေသည့်အပေါ်တွင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်းဝင်းရတီထွန်းကုမ္ပဏီမှသတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုအောက်တိုဘာလ၁၉ရက်နေ့နေ့လည်ပိုင်းကရန်ကုန်မြို့City Starဟိုတယ်တွင်ပြုလုပ်ခဲ့သည်။

ဝင်းရတီထွန်းကုမ္ပဏီမှမုန်လာဥများတင်သွင်းခြင်းလုပ်ငန်းနှင့်ပတ်သတ်၍သိန်းပေါင်းနှစ်ထောင်ကျော်ဆုံးရှုံးနစ်နာခဲ့ခြင်းနှင့်ပတ်သတ်၍သတင်းစာရှင်းလင်းပွဲပုလုပ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝယ်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးမှ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်တရုတ်ပြည်မှတင်သွင်းခဲ့သည့်မုန်လာဥနီများမှသတ်မှတ်ထားသည့်ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ထားခြင်းမပြုဘဲတင်သွင်းခွင့်လိုင်စင်ခွင့်ပြုချက်မရခင်သင်္ဘောတင်ခဲ့တယ်"လို့ရေးသားထားပါသည်။

နိုင်ငံခြားမှတင်သွင်းမြဲဖြစ်သောမုန်လာဥနီများကိုယခုတစ်ကြိမ်တွင်တားဆီး၍တင်သွင်းခွင့်မပြုခြင်းကိုနားမလည်နိုင်ကြောင်းဝင်းရတီထွန်းကုမ္ပဏီမှဦးလှဝင်းတင့်ကပြောသည်။

"ကျွန်တော်တို့ငါးနှစ်လုံးလုံးလုပ်ထုံးလုပ်နည်းနဲ့ညီပြီးအခုကျမှလုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုတာကျွန်တော်ကိုယ်တိုင်ကပဲနားမလည်လို့အဲ့ဌာနကိုပြန်မေးနေရပါတယ်ကျွန်တော့ကိုလဲဝေဖန်သူတွေတော်တော်လေးမြင့်တက်တယ်ကျွန်တော်ကဝသမလောဘသားကိုယ့်နိုင်ငံထဲမှာထွက်ပါတယ်ပေါ့အမှန်တော့မဟုတ်ပါဘူးအခုစားနေတဲ့လူကြီးတွေဟိုတယ်တွေစားသောက်ဆိုင်တွေကတရုတ်နိုင်ငံကမုန်လာဥတွေပါ"ဟု၎င်းကပြောသည်။

ယခုစီးကူးဝန်ကြီးဌာန၏အာဏာအလွဲသုံးစားမှုအပေါ်တရားစွဲဆိုသွားရန်နိုင်ငံတော်သမ္မတထံသို့စာတင်ပြထားကြောင်း၎င်းကဆက်လက်ပြောပြခဲ့သည်။

Comments