မြန်မာ့ဂန္တဝင်များထဲမှ တစ်ခုဖြစ်သောကမ္မဖလဝတ္တုကြီးအားရုပ်ရှင်အဖြစ်အောင်မြင်စွာအသက်သွင်း


မြန်မာ့ဂန္တဝင်များထဲမှတစ်ခုဖြစ်သော"ကမ္မဖလ"ဝတ္တုကြီးအားရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ပွဲခင်းရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်၍ဇာတ်လမ်း - တင့်တယ်ဇာတ်ညွန်း - အကယ်ဒမီငြိမ်းမင်း (အညာသားငမိုး)တွဲဖက်ဒါရိုက်တာ - ဝင်းဆောင်အနုပညာအကြံပေး - ရတနာစိုးမိုးဒါရိုက်တာ - ထပ်ဆင့်အကယ်ဒမီပန်းချီစိုးမိုးတို့မှအသက်သွင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။

စာရေးဆရာကြီးတင့်တယ်၏ဘဝအလှည့်အပြောင်းများစွာဖြင့် ရှင်သန်ကြီးပြင်းလာရတဲ့ မောင်ကံကောင်း ဥပဒေကို လက်တစ်လုံးခြား လှည့်ပတ်တိမ်းရှောင်ရင်း လူ (၇) ယောက် ကို ပိပိရိရိနှင့်သတ်ဖြတ်ခဲ့တဲ့ လူတစ်ယောက်ရဲ့အချိုးအကွေ့အပြောင်းအလဲများစွာကိုပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

"ကမ္မဖလ" ဝတ္တုကြီးထဲတွင်အဓိကဇာတ်ကောင်များအဖြစ်ဦးကံကောင်း၊ဆန်စက်ပိုင်ရှင်ဦးစိန်မောင်၊သစ်လုပ်ငန်းပိုင်ရှင်သူဌေးကြီး ဦးနကီ၊ သူဌေးကြီးဦးနကီရဲ့သားဦးဒေါန၊ မြေးအမှီ၊ မြေးကိုငြိမ်းအောင်၊ ဦးနကီရဲ့ အငယ်ဆုံးသမီးလေး စောလှ၊အိမ်နီးနားချင်းများဖြစ်တဲ့ အထည်သည် ကိုသန့်ဇင်၊ မဖြူနု၊ကိုသန့်ဇင်နဲ့မဖြူနုတို့၏ သမီးလေးအသန့်၊ဇာတ်သမား စိန်ကြည်အောင်အစရှိတဲ့ဇာတ်ကောင်တွေပါဝင်ကြမှာဖြစ်ပါတယ်။

စာရေးဆရာကြီးတင့်တယ်၏ "ကမ္မဖလ" ဝတ္တုကြီးအား ရုပ်ရှင်အဖြစ်အသက်သွင်းထားသည့်ကမ္မဖလရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ကောင်များမှ လောင်းကစားဝါသနာကြီးလှသည့် "ဆန်စက်ပိုင်ရှင်ဦးစိန်မောင်" နေရာတွင်အကယ်ဒမီမင်းမော်ကွန်းပါဝငသရုပ်ဆောင်မည်ဖြစ်ရာ ဦးစိန်မောင်ရဲ့ငွေးကြေးချမ်းသာပြီး အလောင်းကစားဝါသနာထုံသူအဖြစ်တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ယခုဇာတ်ကားတွင် နတ်သမီးလေးတစ်ပါးအလား လှပလွန်းတဲ့ သစ်လုပ်ငန်းပိုင်ရှင် ဦးနကီးရဲ သမီးတော်လေး "စောလှ" အဖြစ်အကယ်ဒမီ "အေးမြတ်သူ"မှပါဝင်သရုပ်ဆောင်မည်ဖြစ်ရာသူမရဲ့အ​ဖေမှာ ကိုလိုနီခေတ်အာဏာပိုင်များနှင့်ရင်းနှီးကျွမ်းဝင်ပြီး စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့်သူဌေးကြီးတစ်ဦးဖြစ်ပြီးစောလှမှာပွဲလမ်းသဘင်များ နှစ်သက်သူအဖြစ်တွေ့မြင်ကြရမှာဖြစ်ပါတယ်။

"ကမ္မဖလ" ဝတ္တုကြီးအား ရုပ်ရှင်အဖြစ်အချိန်နှစ်နှစ်ကျော် ပြင်ဆင်ခဲ့ရပြီးမကြာမီပရိတ်သတ်အရှေ့သို့ရောက်ရှိလာမည့်ဇာတ်ကားကောင်းတစ်ခုလည်းဖြစ်ပါတယ်။


Comments