ဆေးကုခရီးစဉ် စတုတ္ထ‌မြောက်နေ့တွင်ပူတာအိုဒေသခံ လူနာ (၁၁၄)ဦးအား အခမဲ့ ဆေးကုသပေးခဲ့



သီတဂူ၊ ထူးဖောင်ဒေးရှင်း နှင့် ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကု ဆရာဝန်ကြီး (၁၂) ဦး ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ (၉)ရက်နေ့က ဆေးကုခရီးစဉ် စတုတ္ထမြောက်နေ့အဖြစ် ပူတာအိုဒေသခံများအား အခမဲ့ ဆေးကုသမှုများ ဆက်လက် ပြုလုပ်ပေးခဲ့ကြောင်းထူးဖောင်ဒေရှင်းမှသိရသည်။
အောက်တိုဘာလ(၉)ရက်နေ့တွင် သွားနှင့်ခံတွင်း ဝေဒနာရှင် (၉၅) ဦး၊ မီးလောင်ဒဏ်ရာ (၁၄) ဦး၊ အမာရွတ်၊ အဖုအကျိတ် ဝေဒနာရှင် (၅) ဦး စုစုပေါင်း လူနာ (၁၁၄)ဦး ကုသပေးခဲ့ပြီး ထိုအထဲမှ ၁၀ ဦး (ကျား ၇+မ၃) အား ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့သည်။
ထို့ပြင် ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါ ဆောင်မှ ကျောင်းသားများ နှင့် မလိခဟော်တယ် ဝန်ထမ်းများကိုလည်း သွားကျန်းမာရေး ကုသပေးမှုများ ပြုလုပ်ပေးခဲ့သည်။
နေ့လည်ပိုင်းတွင် လူနာနှင့် လူနာစောင့်များအား ထူးဖောင်ဒေးရှင်းမှ ထမင်းနှင့်ဟင်းဗူးများ အဟာရဒါန ကုသိုလ်ပြု လှူဒါန်းခဲ့သည်။
သီတဂူ၊ ထူးဖောင်ဒေးရှင်း နှင့် ဘယ်လ်ဂျီယံ ဆရာဝန်များ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ (၆)ရက်နေ့မှ အောက်တိုဘာလ (၁၁)ရက်နေ့အထိ (၆)ရက်တိုင်တိုင် ပူတာအို၊ ခုတင်(၁၀ဝ) ဆေးရုံတွင် သွားနှင့်ခံတွင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား နေ့စဉ် ခွဲစိတ်ကုသမှုများ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုများ ပြုလုပ် ပေးခဲ့ကြောင်းသိရသည်။

Comments