Love Equation” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့လူငယ်ဒါရိုက်တာအောင်မြတ်နဲ့ပထမဆုံးတွေ့ဆုံရိုက်ကူးမှုဖြစ်တယ်လို့သရုပ်ဆောင်ဒေါင်းကပြောပါတယ်။
အမျိုးသမီးပရိသတ်တွေအားပေးမှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်ကတော့ ဒေါင်းကတော့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးကနေ မွေးထုတ်ပေးထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
ကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ရုပ်ရှင်မရိုက်မီသူရဲ့ကြိုတင်ပြင်ဆင်မှုကောင်းကောင်းတွေကြောင့်အချိန်တိုအတွင်းအောင်မြင်မှုကိုရရှိလာဝူလည်းဖြစ်ပါတယ်။
ထို့အပြင် ကျရာဇာတ်ရုပ်ကိုအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ယခုနှစ်အတွင်းမှာပဲပရိသတ်တွေအားပေးမှုကို အများအပြားရရှိနေတာလည်းဖြစ်ပါတယ်။
“ကျွန်တော်က မတူ အောင်လုပ်ရတဲ့ဇာတ်ကောင်ကိုလုပ်ရတာသဘောကျတယ်။ ကျွန်တော်နဲ့မလိုက်ဖူး လို့ထင်တဲ့အရာ ကိုလုပ်ရတာ ပိုကြိုက်တယ်။ ကျွန်တော်ဖြစ်နေရင်ဒီဇာတ်ကောင်ကိုရမှာမဟုတ်ဘူး။ ဒီဇာတ်ကောင်က ကျွန်တော်ထက်ပိုရိုးရှင်းတယ်။ ဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုမှာ ကိုအောင်မြတ်က ကျွန်တော်ကိုလမ်း ညွှန်ပေးမယ့်အပေါ်မှာလည်းပိုမူတည်တယ်။ ဒီထုတ်လုပ်ရေးနဲ့ရော ဒီဒါရိုက်တာရော ကျွန်တော့် အတွက် ပထမဦးဆုံးဆုံစည်းကြမှာ။ ကျွန်တော်ရလာတဲ့ဇာတ်ကောင်အပေါ်ကိုအကောင်းဆုံးလုပ်သွားမှာပါ” လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ကန့်တော့ပေးပွဲမတိုင်ခင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပရိသတ်တွေအတွက် ထူးခြားတဲ့အနုပညာရသတစ်ခုကို အပြည့်ပေးစွမ်း နိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။
Golden Hour film production မှစီစဉ်ထုတ် လုပ်တဲ့ "Love Equation" "ရုပ်ရှင်ဇာတ်ကားကြီး
ကို လူငယ်ဒါရိုက်တာ အောင်မြတ် ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ခါရာ၊သက်မွန်မြင့်။ဖွေးဖွေး၊ကလေးသရုပ်ဆောင် ထိပ်ထားသခင်နဲ့ အနုပညာရှင်များစွာပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ကို လူငယ်ဒါရိုက်တာ အောင်မြတ် ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ခါရာ၊သက်မွန်မြင့်။ဖွေးဖွေး၊ကလေးသရုပ်ဆောင် ထိပ်ထားသခင်နဲ့ အနုပညာရှင်များစွာပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
Comments
Post a Comment