(၅၀)ကြိမ်မြောက်မဟာပဌာန်းကျမ်းလှူဒါန်းပူဇော်ခြင်းနှင့်ရွှေရတုအခမ်းအနားကို တာမွေမြို့နယ် ၊မေတ္တာညွန့်ရပ်ကွက်ရှိ မြို့နယ်သစ်ကျောင်းတိုက်တွင် စက်တင်ဘာ၂၉ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
" သူငယ်ချင်းတွေကလည်း ဝိုင်းပြီးတောင်းဆိုတယ်။ နည်းနည်း ခမ်းခမ်းနားနားလေးလုပ်ချင်တယ်ဆိုလို့ပဌာန်းနဲ့ပတ်သတ်တဲ့ညီအကိုမောင်နှမတွေကအကုန်လုံးပံ့ပိုးပြီးတော့ ဒီနေ့ပွဲလေးကို လုပ်ဖြစ်တာပါ။
"ဗုဒ္ဓဘာသာမှာတော့ပဌာန်းကျမ်းပူဇော်တဲ့အလုပ်ကဘုန်းကြီးရဟန်းတွေလုပ်တဲ့အလုပ်ပေါ့နော်။ဘုန်းကြီးတွေကပဌာန်းကျမ်းပူဇော်ရင် ဘုန်းတန်ခိုးကြီးကြတယ်။လူတွေမှာလည်းဗုဒ္ဓဘာသာအိမ်တိုင်းမှာဒီလိုကျမ်းတွေ မရှိကြဘူး။ ဘုန်းကြီးပဲအားကိုးနေရတာဆိုတော့လေ ကျွန်တော်တို့ကလူတွေလက်ထဲကိုဒီပဌာန်းကျမ်းတွေထည့်ပေးချင်တယ်။လိုချင်လို့ လာယူရင်ပေးတယ်။ အိမ်တွေကိုတော့လိုက်ပြီး မပေးဘူး။သူတို့ကို ကြိုးစားအားထုတ်မှု့တစ်ခု ထားထားတယ်။
ဘယ်နေ့,ဘယ်ရက်ကို,ဘယ်မှာလာယူရမယ်ဆိုတာကို,ယူတဲ့သူတွေကိုအလကားတော့မဟုတ်ပါဘူး။ကျမ်းလဲပေးတယ်။ဘာသာပြန်စာအုပ်လဲမဲဖောက်ပေးတယ်။အဟာရဒါနလဲကျွေးတယ်။ဒီလိုကျွေးတယ်ဆိုတာက၁၀ကြိမ်,၁၅ကြိမ်လောက်မှာစပြီးကျွေးဖြစ်တာပါ။လာတဲ့သူတွေကိုအားနာလို့လေ။ဟိုအရင်ကတော့ဘာမှမကျွေးပါဘူး။အဓိကရည်ရွယ်ချက်က အိမ်တိုင်းအိမ်တိုင်းမှာ ပဌာန်း ၅ ကျမ်းရောက်စေချင်တဲ့ဆန္ဒနဲ့ကျွန်တော်တို့လှုတဲ့အခါမှာ ဒီအပတ်မှာတော့ ဘယ်ရွေ့ဘယ်လောက်တော့တတ်နိုင်တယ်။
ဘယ်လောက် လှုပါမယ်ဆိုပြီး fb ကခေါ်တယ်။ သူငယ်ချင်းတွေက ခေါ်တယ်။လတိုင်းလတိုင်း၂၅နဲ့၃၀ကြားလတစ်လရဲ့နောက်ဆုံးအပတ်မှာ အမြဲလုပ်ဖြစ်တယ်။ ဒါကအရမ်းထူးခြားပါတယ်။
ပူဇော်တဲ့သူတွေမှာလည်းအကျိုးအာနိသင်ထူးသလိုကျွန်တော်တို့လှုတဲ့သူတွေမှာလည်းပီတိဖြစ်ရပါတယ်"ဟုဦးမင်းထူးမှဆက်လက်ပြောကြားခဲ့သည်။

Comments
Post a Comment