(၂၅ )နှစ်ပြည့်Ashro Myanmar Limited ၏ခမ်းအနားကျင်းပ

Ashro Myanmar Limited ထူထောင်ခြင်း (၂၅) နှစ်ပြည့်အနေဖြင့်ငွေရတု အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Ashro Myanmar Limited ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ ko Ronak မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် ကုမ္ပဏီ၏ ၀န်ထမ်းအများစုမှာ အမျိုးသမီးများ ဖြစ်သော်လည်း အမျိုးသားများနည်းတူ စွမ်းဆောင်ရည်မြင့်မားမှုကို အသိအမှတ် ပြုသည့် အနေဖြင့် ကုမ္မဏီ အမှတ်တံဆိပ် ပြောင်းလဲရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး တက်ရောက် လာသူများနှင့် မိတ်ဆွေများအား ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည် ။

ယင်းအခမ်းအနားတွင် Ashro Myanmar Limited ၏ ဥက္ကဌ ဦးအရှော့ ကူးမားမှ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ လှူဒါန်းမူပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင်တေးသံရှင်ဖြူဖြူကျော်သိန်း၏သီဆိုဖျော်ဖြေမှုများကျွေးမွေးအစီအစဉ်များဖြင့်ဆက်လက်ပြုလုပ်ခဲ့သည်။


Comments