YCB Payment Gateway အသုံး ပြု၍ ဧရာဝတီဘဏ် နှင့်အတူ အခြားဘဏ်များမှ ကောက်ခံပေးသွင်းရန် လုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပ

စက်တင်ဘာ(၁၂) ရက်၊၂၀၁၉ ခုနှစ် ၊နံနက် ၉:၀၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအခွန်အခများကို YCB Payment Gateway အသုံး ပြု၍  ဧရာဝတီဘဏ် နှင့်အတူ အခြားဘဏ်များမှ ကောက်ခံပေးသွင်းရန် လုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနားကို ကျင်းပြုလုပ်ခဲ့သည်။

ထိုပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီး၏ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့် ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မီဒီယာ များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အများပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်ခထပ်မံပေးသွင်းစရာမလိုဘဲ မြေခွန်၊ မြေငှားရမ်းခ၊ ရေဖိုးရေခ၊ သန့်ရှင်းရေး ဆောင်ရွက်ခ စတဲ့ အခွန်အခများကို AYA mBanking ကို အသုံးပြုပြီး ပေးချေနိုင်တော့မည်ဖြစ်ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခများကို AYA mBanking ဖြင့်ပေးချေရန် ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ခွဲ (၁၀၈) ဘဏ်တွင် အခမဲ့လျှောက်ထားနိုင်ကြောင်းသိရသည်။




Comments